Friday, August 22, 2014

လူငယ်နှင့် စိတ်ခေါ်မှုများ


ကမ္ဘာပေါ်ရှိ လူငယ်များ၏ ၂၀ ရာခိုင်နှုန်းသည် တစ်နည်းနည်းသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ရင်ဆိုင်နေရသည် ဟု ကုလသမဂ္ဂအဖွဲ့ က ထုတ်ပြန်ခဲ့သည့် လူငယ်တို့၏ စိတ်ကျန်းမာရေးအခြေအနေနှင့် လူ မှုပတ်ဝန်းကျင်တွင် ပါဝင်မှုဆိုသည့် ထုတ်ပြန်ချက်တွင် ဆိုထားသည်။
“စိတ်ကျန်းမာရေးလို့ ပြောလိုက် ရင် စိတ်မမှန်တဲ့သူတွေပဲလား စိတ် ရောဂါဝေဒနာ ခံစားနေရတဲ့သူတွေ ပဲလားပေါ့။ အဲ့လိုတော့ မဟုတ်ပါ ဘူး။ ဒီထက်ပိုပြီး ကျယ်ပြန့်ပါတယ်။ စိတ်အားငယ်တာ၊ စိုးရိမ်ကြောင့်ကြ မှုတွေဖြစ်ကြတာ။ စိတ်ဓာတ်ကျဆင်း တာ၊ စိတ်မခိုင်လုံတာမျိုးတွေ အကုန် လုံးပါပါတယ်”ဟု မြန်မာနိုင်ငံ ဆရာ ၀န်အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဦးရဲမြင့်ကဆိုသည်။
ယေဘုယျအားဖြင့် လူငယ်ဆို သည်မှာ အသက်ဆယ့်ငါးနှစ်နှင့် နှစ် ဆယ့်လေးနှစ် အသက်အရွယ် ရှိသူ များကို ဆိုလိုသည်ဟု ၎င်းင်းကဆိုသည်။ တစ်ကမ္ဘာလုံး လူဦးရေဖြင့်ကြည့်မည် ဆိုပါက ကမ္ဘာ့လူငယ်ဦးရေမှာ ၇ ဘီလီယံ ရှိနေပြီး မြန်မာနိုင်ငံအနေဖြင့် လူဦးရေ၏ ၁၈ရာခိုင်နှုန်းခန့်ရှိသည် ဟုဦးရဲမြင့်ကဆိုသည်။ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ ကမ္ဘာလူဦးရေ၏ ငါးပုံတစ်ပုံသည် လူငယ်ထုဖြစ်ကြောင်း သိရသည်။
“ဒီအရွယ်ဟာ ခန္ဓာကိုယ်ပိုင်းအ ရရော စိတ်ပိုင်းဆိုင်ရာအရပါ ပြောင်းလဲတဲ့ အချိန်ဖြစ်တဲ့ အတွက်ကြောင့် ဒီအချိန်မှာ စိတ်ခံစားမှုရှုထောင့်၊ မိမိ ကိုယ်ကို ဂရုစိုက်မှုရှုထောင့်၊ ရုပ်ပိုင်း ဆိုင်ရာ ပြောင်းလဲမှုရှုထောင့်ဆို ပြီး ပတ်ဝန်းကျင် အလိုက် ပြောင်းလဲ တာရှိသလို ကိုယ့်ရဲ့မျိုးဆက်အလိုက် ပုံစံပြောင်းလဲတာလည်းရှိပါတယ်။ လူငယ်တွေ စိတ်ပိုင်း ဆိုင်ရာ ပြဿနာ တွေ ရင်ဆိုင်ရတာဟာ ကောင်းတဲ့ ဟာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လွဲ ရှောင်လို့ မရတဲ့အရာလည်း မဟုတ်ပါဘူး”ဟု ကမ္ဘာ့လူဦးရေ ရန်ပုံငွေအဖွဲ့ ဌာန ကိုယ်စားလှယ် မစ္စ ဂျန်နက်ဂျက်ခ် ဆန်က ကမ္ဘာ့လူငယ်နေ့ အခမ်းအနား တွင် ပြောကြားခဲ့သည်။
လူငယ်များအနေဖြင့် ပြောင်းလွှဲ မှုများစွာ ကြုံတွေ့နေရချိန်တွင် လေ့ လာသင်ယူမှု လုပ်ငန်းဆောင်တာ တွေ လုပ်ဆောင်နေရသကဲ့သို့ အ ခြားတစ်ဖက်တွင်လည်း ပြောင်းလဲမှု များနှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရန် အဆင်သင့်မဖြစ်သေးဘဲ အခက် အခဲတွေရှိနိုင်သည် ဟု သူမကဆိုသည်။
“အရွယ်ရောက်စအချိန်ဆိုတာ အကန့်အသတ်နယ်နိမိတ်တွေကို စပြီးတော့ စမ်းသပ်တဲ့ အရွယ်လို့ ပြော လို့ရတယ်။ ပြီးလွတ်လပ်မှုကို ပိုပြီး တော့ စမ်းသပ်ချင်တဲ့ အရွယ် လည်း ဖြစ်ပါတယ်။ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးဆိုးပြစ် ဆိုတဲ့ ဟာကို လှမ်းမကြည့်ဘဲနဲ့ စိန်ခေါ်မှုတွေ ကို ရင်ဆိုင်တွေ့ ဖို့ ကြိုးစားတဲ့အရွယ်လည်းဖြစ်ပါတယ်။ အနာဂတ်အတွက် မျှော်လင့် ချက်တွေ အရမ်းကိုမြင့်မားတတ်တဲ့ အရွယ်လည်းဖြစ်ပါတယ်။ အကုန်လုံး ကို ပြန်ချုံ့ပြီးပြောမယ်ဆိုရင် ဒီအရွယ် ဟာ လုပ်နိုင်တာထက် မလုပ်နိုင်တာ ပိုများတဲ့အရွယ်လို့ ပြောလို့ရပါတယ်”ဟု မစ္စဂျန်နက်ဂျက်ခ်ဆန် ကဆိုသည်။
မြန်မာနိုင်ငံမှာ လူငယ်ဖြစ်ရခြင်းသည် အခြားနိုင်ငံတွင် လူငယ်တစ် ယောက်ဖြစ်ရခြင်းထက် စိန်ခေါ်မှု များသည်ဟု ထင်မြင်ကြောင်း ရန် ကုန်လူငယ်ကွန်ရက် လူငယ်ကိုယ် စားလှယ်၊ မသဉ္စာရွှန်းလဲ့ရည်က ဆို သည်။ လူငယ်များ ရင်ဆိုင်နေရသည့် ပြဿနာများတွင် အလုပ်လက်မဲ့ ပြဿနာမှာလည်း အရေးပါသည့် အကြောင်းအရာတစ်ခုဟု မြန်မာလူ ငယ်များက ဆိုသည်။ လူငယ်ထုကြား အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု ဆိုင်ရာ ကိစ္စရပ်များအပါအ၀င် တိုင်း ရင်းသားဒေသများနှင့် ဖွံ့ဖြိုးမှုနည်း ပါးသည့်ဒေသများမှ လူငယ်များကို အသိပညာပေးရေးဆိုင်ရာ ကိစ္စရပ် များ လွှတ်တော်တွင် တင်ပြဆွေးနွေး နိုင်ရန်အတွက်လည်း လွှတ်တော် ကိုယ်စားလှယ်တွေထံ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးက တာဝန် ရှိသူတွေက နေပြည်တော်မှာ သွား ရောက်တွေ့ဆုံမှုများရှိခဲ့သည်။
လူငယ်များ အလုပ်အကိုင်ရှား ပါးမှုသည် မြန်မာတစ်နိုင်ငံတည်း တွင်သာမကဘဲ နိုင်ငံတကာတွင်လည်း ရင်ဆိုင်နေ ရသည့် ပြဿနာတစ်ခု ဖြစ်သည်ဟုပညာရှင်များကဆိုသည်။
အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့၏ ထုတ်ပြန်ချက်အရ ယ ခုနှစ်အတွင်း အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ်လူရွယ် ၇၅ သန်း ခန့်မှာ အလုပ်လက်မဲ့ဖြစ်နေကြပြီး ၎င်းင်းအရေအတွက်မှာ ကမ္ဘာ့လူဦးရေ၏ ၁၂ .၇ ရာခိုင်နှုန်းခန့်ရှိနေကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်အတွင်း လူ ငယ်လူရွယ်အလုပ်လက်မဲ့ဖြစ်မှုနှုန်း မှာ ကမ္ဘာ့ လူဦးရေ၏ ၁၂ .၆ ရာခိုင် နှုန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် အ လုပ်လက်မဲ့နှုန်း မြင့်မားလာခြင်းအ ပေါ် သတိထား ကိုင်တွယ်ကြရန် ILO က သတိပေးထားသည်။ ကမ္ဘာ့ငွေ ကြေးအခက်အခဲဖြစ်ပွားခဲ့သော ၂၀၀၉ ခုနှစ်၌ လူငယ် လူရွယ် ၇၅ .၄ သန်း ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး ယခု လက်ရှိကိန်းဂဏန်းများအရဆို လျှင် ၂၀၁၆ အရောက်တွင် အလုပ် လက်မဲ့နှုန်း များပြားလွန်းနေနိုင်ပြီး ကမ္ဘာ့ စီးပွားရေးအကျပ်အတည်းများ ပေါ်ပေါက်လာနိုင်သည်ဟု ပညာရှင် များက သုံးသပ်ထားသည်။
လူငယ်များတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာကို အသက် ၁၄ နှစ်မတိုင် ခင် ဖြစ်ပွားမှုမှာ တစ်ဝက်နီးပါးခန့်ရှိ ပြီး ၇၅ ရာခိုင်နှုန်းခန့်မှာ အသက် ၂၄ နှစ်မတိုင်ခင်တွင် ဖြစ်တတ်သည် ဟုလည်း ရန်ကုန်တက္ကသိုလ်၊ စိတ် ပညာဌာန၊ ပါမောက္ခဌာနမှူး ဒေါ်နီ လာကြူက ဆိုသည်။ “ကိန်းဂဏန်း တွေကိုကြည့်ရင် ကမ္ဘာပေါ်မှာ တစ် နှစ်ကို ၇၁,၀၀၀လောက်က ကိုယ့် ကိုယ်ကိုယ် သတ်သေကြတယ်။အဲဒီ့ ထက်အဆလေးဆယ်လောက်က ကိုယ့် ကိုယ်ကုယ် သတ်သေဖို့ ကြိုးစားခဲ့ တယ်”ဟု ရန်ကုန်တက္ကသိုလ်၊ စိတ် ပညာဌာန၊ ပါမောက္ခဌာနမှူး ဒေါ်နီ လာကြူက ဆိုသည်။
လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားရမှုတွင် ကလေး ဘ၀တွင် အနိုင်ကျင့်ခံရခြင်းသည် လည်း အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သည်ဟု ဆိုသည်။ ထိုသို့ အ နိုင်ကျင့်ရာတွင် မိဘကလည်း ဖြစ် နိုင်သကဲ့သို့ ပတ်ဝန်းကျင်မှာလည်း ဖြစ်နိုင်သည်ဟု သူမကပြောသည်။ ပဋိပက္ခများရှိနေသည့် နေရာများ တွင်နေသည့် ကလေးများသည်လည်း စိတ်ပိုင်းဆိုင်ရာခံစားရဖို့ ပိုများသည် ဟုဆိုသည်။ စိတ်ပိုင်းဆိုင်ရာ ခံစား မှုဖြစ်ပြီဆိုပါက နောက်ဆက်တွဲပြဿ နာတွေက အများကြီးလိုက်တတ်ပြီး ကြီးပြင်းလာပါကလည်း ပုံစံအမျိုးမျိုး သော မသန်စွမ်းမှုရှိသည့် ကလေး များ ဖြစ်သွားတတ်ကြသည်ဟု သူမ ကဆိုသည်။
“လူငယ်လို့ဖြစ်လာရင်ကိုယ်လုပ် ချင်တဲ့ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိ ရမယ်ပေါ့နော်။ မိဘတွေဘက်ကကျ တော့လည်း ကျွန်မတို့က မရင့်ကျက် သေးဘူး။ သူတို့ရဲ့ ထိန်းချုပ်မှုအောက် မှာပဲ ရှိနေသင့်တယ်။ ကိုယ်တိုင်ဆုံး ဖြတ်ချက်ချဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့ နော်။ ကိုးတန်းဆယ်တန်းမှာ ဘာ သာရပ်ရွေးတာက အစပေါ့နော်။ ဆယ်တန်းအောင်ပြီးတဲ့အခါမှာလည်း ကျွန်မတို့ ဘ၀အတွက် အရေးကြီးတဲ့ ဆုံးဖြတ်တဲ့နေရာမှာ ကိုယ်ပိုင်ဆုံးဖြတ် ချက်မရဘဲနဲ့ ပြဿနာတွေ ရင်ဆိုင် ရတာတွေလည်း ရှိပါတယ်”ဟု လူ ငယ်ဖွံ့ဖြိုးမှုအစီအစဉ်၊ လူငယ်ကိုယ်စားလှယ် ဒေါက်တာမြတ်စန္ဒီမင်းက ဆိုသည်။
စိတ်ပိုင်းဆိုင်ရာ ပြဿနာများ တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လိင် ပိုင်းဆိုင်ရာ နိုးကြမှုဖြစ်လာခြင်းနှင့် ပတ်သက်သည့် စိုးရိမ်ကြောင့်ကြမှု များလည်း ရှိနေသည်ဟု ပါမောက္ခ ဦးရဲမြင့်ကဆိုသည်။ လူငယ်များ ငယ် ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ကျခြင်း၊ ကာလသားရောဂါ၊ အိပ်ခ်ျအိုင်ဗွီရော ဂါ ကူးစက်ခံရခြင်းများ အပါအ၀င်၊ စာမေးပွဲနှင့်ပတ်သက်သည့် ဖိအား များသည်လည်း ပါဝင်သည်ဟု ၎င်းင်း ကဆိုသည်။
အကြမ်းဖက်မှုပါသည့် ဂိမ်းများ၊ ဗွီဒီယိုများသည်လည်း လူငယ်များ ပေါ်တွင် လွှမ်းမိုးမှုရှိသည်ဟုလည်း ပညာရှင်များက ဆိုသည်။ အဆိုပါ ဂိမ်းများ ဗွီဒီယိုများကို ထိတွေ့နေ သည့် ကလေးငယ်များနှင့် ယော က်ျားလေးများတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပွားမှုများသည်ဟု ဒေါက် တာဒေါ်နီလာကြူက ဆိုသည်။ လူ တစ်ဦးအတွက် သိမှုသည် အသက် ၁၆ နှစ်လောက်တွင်မှ စတင်ဖွံ့ဖြိုး ခြင်းဖြစ်သည့်အတွက် ငယ်သည့် က လေးများကို မည်သို့သောဂိမ်းမျိုးကို ကစားသင့်သည်၊ မည်သည့်တီဗွီအစီ အစဉ်ကို ကြည့်သင့်သည်ဆိုသည်ကို မိဘများက ရွေးချယ်ပေးသင့်သည် ဟု သူမကပြောသည်။
“စိတ်ကျန်းမာရေးလို့ပြောရင် ပီပီ ပြင်ပြင် ပေါ်ပေါ်ထင်ထင်တွေ့ရတဲ့ ရောဂါမျိုးမှ မဟုတ်ဘူးလေ။ နောက် ပြီးမသိသာတဲ့ စိတ်ဖိစီးတယ်ဆိုတာ မျိုး စိတ်ကျတယ်ဆိုတာမျိုး အကုန် ပါတယ်။ မြန်မာနိုင်ငံမှာက လက်ရှိ အနေအထားအရ ဒါနဲ့ပတ်သက်ပြီး ဒေတာကောက်ထားတာ မရှိသေး ဘူး။ သန်းခေါင်စာရင်း နောက်ပိုင်း တော့ ကောက်လာနိုင်တယ်”ဟု ကု လသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ လက်ထောက်ဌာနေ ကိုယ်စားလှယ် ဒေါက်တာနေ၀င်းကဆိုသည်။
ကျောင်းများတွင်လည်း လူငယ် များအတွက် စိတ်ပိုင်းဆိုင်ရာ ပညာ ပေးသည့် အစီအစဉ်တွေ လုပ်သင့် သည်ဟု ၎င်းင်းကဆိုသည်။ လူငယ် များအနေဖြင့်ကျောင်းများတွင် ပညာ ရေးနှင့် တွဲ၍လုပ်ရမည့် အလုပ်တွေ ရှိနေသည်ဟုလည်း ဆိုသည်။ အချို့ သော နိုင်ငံများတွင် ဖွံ့ဖြိုးမှုနှင့်တွဲ ဖက်ပြီး သင်ကြားမှုများရှိနေသည်ဟု လည်း ဆိုသည်။ “ကျောင်းစာသင် ရင်းနဲ့ တွဲပြီးသင်ရတဲ့ ကိစ္စမျိုးလေး တွေ ဘာပဲပြောပြော စိတ်ကျန်းမာ မှုကိုတော့ အထောက်အကူပြုပါ တယ်”ဟု ၎င်းင်းကဆိုသည်။
“ကိုယ်ဘယ်သူလဲ၊ ကိုယ့်ရဲ့ဖြစ် ချင်တဲ့ ရည်မှန်းချက်က ဘာလဲ။ ကိုယ့် ရဲ့အားသာချက်တွေ ဘာရှိလဲ။ ကိုယ့် ရဲ့အားနည်းချက်တွေ ဘာရှိလဲ။ ဒါ မျိုးမြင်တတ်ရင် အခက်အခဲတွေကို ရင်ဆိုင်နိုင်သွားမယ်။
တစ်နည်းအား ဖြင့်ပြောရင် စိတ်ဓာတ်ကြံ့ခိုင်မှု လုပ် ပေးရမယ့် အတိုင်းအတာလေးတွေ လည်း ရှိတယ်။ အရေးကြီးတာက တော့ စိတ်ဓာတ်ခိုင်မာဖို့လိုတယ်”ဟု ဒေါက်တာနေ၀င်းပြောသည်။
ကျောင်းများတွင်မက မိဘတွေ ကလည်း ထိန်းသိမ်းသင့်တာ ထိန်း သိမ်း၍ လွှတ်ပေးသင့်သည်ကို လွှတ် ပေးပြီး လူငယ်များကိုယ်တိုင် စဉ်း စားတွေးခေါ်တတ်လာရန် လုပ်ပေး သင့်သည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံတွင် လူငယ်ရေးရာ မူဝါဒမရှိသေးသည့်အတွက် တစ်ခါ တစ်ရံတွင်လူငယ်နှင့်ပတ်သက်သည့် အလုပ်များလုပ်ရာတွင် ညှိနှိုင်းဆောင် ရွက်ရမည့် ကိစ္စများ၊ ၀န်ကြီးဌာနတစ် ခုနှင့်တစ်ခု ချိတ်ဆက်ဆောင်ရွက်ရ မည့် ကိစ္စများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများ နှင့် ပတ်သက်ပြီး အားနည်းမှုများရှိနေ သည်ဟု ဆိုသည်။
“မူဝါဒလို့ပြောရင် ကျန်းမာရေးနဲ့ ပတ်သက်တာတွေ ပညာရေးနဲ့ပတ် သက်တာတွေ အလုပ်အကိုင်အခွင့် အလမ်း ကျားမခွဲခြားမှု အဲ့လိုဟာ မျိုးတွေ အကုန်လုံးပါရမှာပေါ့။ မူဝါဒ ဆိုတော့လေ။ အခုတော့ ပြင်ဆင်တဲ့ ကာလကိုရောက်နေပြီ။ မကြာခဏ လူငယ်တွေနဲ့တွေ့တယ်။ ဖိုရမ်တွေ လုပ်တယ်။ ဆွေးနွေးပွဲတွေလုပ်တယ်။ သူတို့ဆီကနေ အချက်အလက်ယူ တာတော့ တော်တော်များများပြီးနေ ပြီ။ အခုလိုအပ်နေတာက တကယ် ရေးမယ့် ပြည်တွင်းပြည်ပပညာရှင် တွေပေါ့”ဟု ဒေါက်တာနေ၀င်းက ဆိုသည်။
ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအ ဖွဲ့၊ယူနီဆက်၊ယူနက်စကိုနှင့် လူမှု ၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနအပါ အ၀င် အခြားသောဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ပါဝင်သည့် အဖွဲ့ဖွဲ့ ကာ ပြင်ဆင်သည့်ကာလတွင် ရှိနေ ကြောင်းသိရသည်။ လူငယ် မူဝါဒ ရေးဆွဲရန် သုံးနှစ်ခန့်ကြာမည်ဖြစ် ကြောင်း သိရသည်။
“ဒါတွေကို ရင်ဆိုင်ဖို့လိုတယ်။ ဖြေရှင်းဖို့လိုတယ်။ လူကြီးတွေက လည်း အသိအမှတ်ပြုဖို့လိုတယ်။ အသိအမှတ်ပြုတဲ့အခါကျရင် အပြစ် တွေပြောနေမယ့်အစား ဒါတွေကို ဘာကြောင့်ဖြစ်တယ်။ ဘယ်လိုကာ ကွယ်မလဲ ဖြစ်လာတဲ့အခါ ဒီပြဿနာ တွေကို ဘယ်လိုဖြေရှင်းမလဲ။ တိုင်း ပြည်တည်ဆောက်တဲ့နေရာမှာ လက် တွဲပြီးလုပ်ဆောင်နိုင်ဖို့က ကြိုးစား အားထုတ်ပြီးတော့ ရှောင်သွားလို့မရ တဲ့ကိစ္စလေးတွေကို အသိအမှတ်ပြု မယ်၊ ရင်ဆိုင်မယ်၊ ကျော်လွှားသွား မယ်ဆိုရင် အားလုံးက အောင်အောင် မြင်မြင်နဲ့ လူငယ်လူရွယ်အရွယ်ကို ဖြတ်ကျော်ပြီးမှ လူကြီးဖြစ်ကြမှာပေါ့”ဟု ဦးရဲမြင့်က ဆိုသည်။

(စစ်ထက်အောင် )
အတွဲ ၂ အမှတ်စဉ် ၂၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

No comments:

Post a Comment