ကလေးသူငယ်များအား မယ်လမင်းအသုံးအဆောင်ပန်းကန်ခွက်ယောက်များဖြင့် ကျွေးမွေးလျှင်
ကန်းမားရေးအရဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်သောကြောင့် ဂရုပြုဆင်ခြင်သင့်ကြောင်း ဆေးပညာကျန်းမာရေးအသိုင်းအ၀ိုင်းထံမှ
အကြံပြုပြောဆိုကြသည်။
နိုင်ငံတကာမှာ နို့စို့ကလေးငယ်တွေနဲ့ ကလေးသူငယ်တွေကို ကျွေးမွေးတဲ့အခါမှာ
မယ်လမင်းခွက်များနှင့်မကျွေးမွေးရန် ကန့်သတ်ချက်များရှိသည်။ မယ်လမင်းပစ္စည်းများသည်
ကော်စေးများအသုံးပြုထား၍ အန္တရာယ်ရှိသည်။
နို့စို့ကလေးငယ်များအဆိပ်အတောက်ဖြစ်စေနိုင်သော မယ်လမင်းပါဝင်နှုန်းအဆင့်
(2500 ppb)ရှိလျှင် ကလေးသူငယ်များအန္တရာယ်ဖြစ်စေနိုင်ပြီး အက်ဆစ်သဘာဝ(ချဉ်)ရှိသော အစားအစာများကို
အပူချိန် ၁၆၀ ဒီဂရီဖာရင်ဟိုက်အထက်တွင် မယ်လမင်းပစ္စည်းနှင့်ထိတွေ့စေပါက ပလတ်စတစ်မှ မယ်လမင်းပမာဏပိုမိုထွက်လာ၍
အစားသောက်ထဲသို့ထိတွေ့ဝင်ရောက်စေနိုင်သည်။
မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများသည် အပူနှင့်ထိတွေ့လျှင် ဓာတ်ပြု၍ ကျောက်ကပ်ပျက်ဆီးခြင်းနှင့်
ကင်ဆာရောဂါများကို ဖြစ်ပွားစေနိုင်သည့်အပြင် ကျောက်ကပ်အားနည်းသူများ၊ ကျောက်ကပ်၌ ကျောက်တည်နေသူများသုံးစွဲပါက
ကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည်။
မယ်လမင်းအဆိပ်သင့်လက္ခဏာများမှာ စိတ်တိုလွယ်ခြင်း၊ အသားအရေယားယံစေခြင်း၊
ဆီးထဲတွင်သွေးပါခြင်း၊ ကျောက်ကပ်တွင်ပိုးဝင်ခြင်းအပြင် သွေးဖိအားတက်ခြင်းများ ဖြစ်ပေါ်စေနိုင်ကြောင်းသိရသည်။
ထို့ကြောင့်ပူနွေးသောအစားအစာ၊ သောက်စရာများထည့်၍ မယ်လမင်းခွက်များသုံးစွဲခြင်းမှ
ရှောင်ကြဉ်ခြင်း၊ မိုက်ခရိုဝေ့ဖ်မီးဖိုများ၌ မယ်လမင်းသုံးစွဲခြင်းတို့ ရှောင်ကြဉ်ရမည်ဖြစ်ပြီး
Microwave Safe အသုံးအဆောင်မျိုးကိုသာ အသုံးပြုသင့်သည်။
မယ်လမင်းအသုံးအဆောင်ပစ္စည်းများသည် ၁၉၅၀ခုနှစ်မှစ၍ ဈေးကွက်တွင်းဝင်ရောက်လာခဲ့ပြီး
ရောင်စုံဒီဇိုင်းများပြားခြင်း၊ သုံးစွဲရာ၌ လေးလံခြင်းမရှိဘဲပေါ့ပါးခြင်းတို့အပြင်
လွတ်ကျသော်လည်းမကွဲနိုင်ခြင်းတို့ကြောင့် ယခုခေတ်တွင်ပို၍သုံးစွဲသူများပြားလာခဲ့ခြင်းဖြစ်သည်။
US အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဋ္ဌာန (FDA)၏ အဆိုအရ မယ်လမင်းအသုံးအဆောင်ပစ္စည်းများ၌
မင်လမင်းဖော်မယ်ဒီဟိုက်ကော်စေးကို ထည့်သွင်းအသုံးပြုထားသည်ဟုဆိုကြောင်း အင်တာနက်စာမျက်နှာများတွင်
ဖော်ပြထားသည်။
ယမင်း
No comments:
Post a Comment