ကလေးဘ၀တုန်းက ကျွန်မအလွန်ရှက်တတ်သည်။ ရှက်တတ်တာမှ အတော်လေးကို ရှက်တာပါ။
ကျွန်မမသိသောသူများနှင့် ကောင်းကောင်းမွန်မွန် စကားပြောဖို့ဆိုတာက
ကျွန်မအတွက် အတော်လေးခက်ခဲခဲ့သည်။
ကျွန်မငယ်ငယ်က ကလေး တွေကို ဆူဆူညံညံ စကားပြော ခွင့်မပြုသော အိမ်မျိုးမှာ
ကြီးပြင်း ခဲ့ရသည်။ ထို့ကြောင့် ကိုယ့်ကိုယ် ကိုယ် ယုံကြည်စိတ်နည်းပါးပြီး
ကိုးရိုးကားရားနှင့် သူများတွေနှင့် စကားမပြောတတ်၊ မဆိုတတ် တော့။ ကျွန်မက
မိသားစုထဲမှာ တောင် စကားပြောခဲလှသည်။ ကျွန်မ စကားပြောလျှင်လည်း အမေ၊
ဆရာ၊ ဆရာမများနှင့် တခြားသူတွေက ကျွန်မကို ကျယ် ကျယ်ပြောရန် အော်ငေါက်တာ
ခံခဲ့ရသည်။
တစ်ခါမှ မသိသူ၊ သူစိမ်း တွေနှင့် တွေ့ရပြီဆိုလျှင်တော့
ကျွန်မအတော်အဖြစ်ဆိုးခဲ့သည်။ တစ်ယောက်ယောက်ကို နေ ကောင်းလား ဘာညာနှုတ်ဆက်
ရလျှင် ကျွန်မမျက်နှာတွေ နီရဲပြီး မထားတတ်အောင် ဖြစ်ခဲ့ရသည်။
တခြားသူတွေနှင့် ဘယ်လိုဆက် ဆံပြောဆိုရမည်ဆိုတာကို ကျွန်မ မသိ။ လူတွေကို
ကျွန်မကြောက် သည်။ သူတို့က ကျွန်မကို လက် မခံမှာကိုလည်း ကြောက်သည်။
စိတ်ပညာရှင်နှင့် စာရေး ဆရာအန်တိုနီဂန်က လူတွေက လက်မခံမှာကို
စိုးရွံ့ခြင်းသည် အရွယ်ရောက်သူများ၏ နံပါတ် (၁) ကြောက်ရွံ့မှုဖြစ်သလို
ကလေးတွေမှာလည်း အတူတူပင် ဖြစ်သည်ဟု ဆိုသည်။ ကလေး များသည်(၂)နှစ်လောက် အရွယ်
ကတည်းက ယင်းကြောက်ရွံ့စိုးရိမ်မှုမျိုးရှိသည်ဟုဆိုသည်။
သည်လို ဖြစ်တာက ကလေးတွေ၏ သဘာဝဆိုတာကို မိဘတွေအနေနှင့် နားလည်ရမည်ဟု
ဂန်က ပြောပါသည်။ ကလေးကလူတွေနှင့် မပြောချင်၊ မဆိုချင်တာဟာ
တစ်ခုခုမှားနေခြင်း မဟုတ်ပါဟု ဆိုပါသည်။
‘‘ကလေးက လူတွေနဲ့ တွေ့ ထိ ဆက်ဆံတဲ့အခါ စိတ်လှုပ်ရှား မနေသင့်ဘူးလို့
တွေးကြတာ မှား ယွင်းတဲ့ အယူအဆပါ’’။ လူမှုရေး အရ လက်မခံမှာကို ကြောက်
ခြင်းသည် သဘာဝပင် ဖြစ်၏။ ကလေးကို အပြုသဘောဆောင် လာစေချင်ပါက ဘ၀ကို ကျေနပ်
ပျော်ရွှင်လာအောင် သင်ကြား ပေးဖို့ပင် ဖြစ်သည်။ ကိုယ့်ကလေး၏ လူမှုရေးဆိုင်ရာ
စိုးရွံ့မှုကို ဖယ်ရှားပေးရန် အကောင်းဆုံးနည်းမှာ ကလေးတွေကို
ကောင်းကောင်းစကားစပြီး ပြောတတ်သူတွေ ပြောရဲဆိုရဲဖြစ်လာအောင်
သင်ကြားပေးခြင်းဖြစ်၏။
ကလေးက ရှက်ပါသည်၊ လူတွေကို စကားပြောဖို့ ကြောက် နေပါသည်ဆိုကာမှ သည်လို
ကလေးကို စကားကောင်းကောင်း စပြောတတ်၊ ဆိုတတ်ဖြစ်လာ အောင် ဘယ်လိုသင်လို့
ဖြစ်နိုင် မလဲဟု တွေးကောင်းတွေးကြလိမ့် မည်။
တခြားအရာတွေလိုပင် ဘယ်လို လုပ်ရမလဲဆိုတာက တော့ အလေ့အကျင့်ကနေ စရပါ
လိမ့်မည်။ ထိုအခါ ကလေးက လူ မှုဆက်ဆံရေးမှာ ယုံကြည်မှုတွေ ရှိလာပါလိမ့်မည်။
အိမ်ပွဲစားတစ်ဦးဖြစ်သည့် တီဂန်ဒီကလပ်အတွက် လူတွေ ကို ချဉ်းကပ်တာ၊
စကားပြောတာ က အကြောင်းမဟုတ်။ သို့သော် သူ၏(၄)နှစ်သမီးလေးက လူ တွေကို
စကားပြောဖို့ ကြောက် တာကို သူမြင်ရတော့ အံ့အားသင့်ရသည်။
‘‘ဒါသူ့ရဲ့ သဘာဝမဟုတ် ဘူး။ ဒါကြောင့် ကျွန်မက သူ့ကို လူတွေနဲ့
စကားပြောခိုင်းတယ်။ အထူးသဖြင့် ဈေးဆိုင်မှာပေါ့။ တစ်ခုခုကို ဘယ်လောက်ကျလဲ
သူသိချင်တယ်ဆိုရင် ဈေးဆိုင်က လူကို သူ့ဘာသာ မေးခိုင်းတယ်။ ကျွန်မက ကြားထဲက
ဝင်မပြော ဘူး။ လူတွေနဲ့ အခြေအနေအမျိုး မျိုးမှာ ဆက်ဆံရတဲ့အခါ သူ့ဘာ
သာသူယုံကြည်မှု ရလာစေချင် တယ်’’
တစ်ခါတလေ သမီးကလေးက ဒီကလပ်ကို သူ့ကိုယ်စားမေးပေးဖို့ တောင်းဆိုတာမျိုး
ရှိသည်။ သူ့အနေနှင့် သည်အချက်ကို လိုက်လျောပါက သမီးကလေး၏ ရှက်တတ်သည့်
အကျင့်ကို မဖျောက်ပေးနိုင်ဘူးဆိုတာ သူကသိသည်။
‘‘တစ်ခါတလေတော့ ကျွန်မ က သူ့အစား မမေးပေးတော့ သူ က မကြိုက်ဘူးပေါ့။
ကျွန်မက လည်း တမင်တင်းထားတာ။ နောက်ဆုံးတော့ သူ့ဘာသာပဲ လို ချင်တာကို
မေးရတော့တာပေါ့။ နောက်တစ်ခါကျတော့ သူ့အ တွက် မေးရဲသွားပြီလေ’’
စိတ်ပညာရှင်ဂန်ကတော့ ဈေးဝယ်ခြင်းသည် ကလေးများကို လူမှုဆက်ဆံတတ်ရန်
အကောင်း ဆုံးသိမ်မွေ့စွာ သင်ကြားသည့် နည်းတစ်ခုဟု ဆိုပါသည်။ ကလေးတွေက
ဆုချီးမြှင့်တာကို ကြိုက်ကြသည့်အတွက် ဈေးဝယ် သွားလျှင် သကြားလုံးတစ်လုံး
လောက်တော့ ပေးသင့်သည်ဟု ဆိုပါသည်။
‘‘ကလေးတွေက အရမ်းကို ရိုးသားကြပါတယ်။ သူတို့အများ ဆုံး လုပ်တာတွေအတွက်
ဆုချ ပေးပါ။ မူကြိုအရွယ်မှာ ကလေး တွေကို ဈေးမေးခိုင်းတာတို့၊ ပေး တာတို့
လုပ်ခိုင်းပါ။ နည်းနည်း ကြီးလာရင် ကိုယ်က ဈေးဆိုင် ပေါက်ဝကနေ
သူတို့ဝယ်တာကို သာ စောင့်ကြည့်နေပါ။ ကလေး တွေ ဈေးဆိုင်မှာ သူ့ဘာသာပြော
ဆိုဆက်ဆံတတ်လာတာကို တွေ့ ရပါမယ်’’
ကလေးတွေကို ပြောရဲဆိုရဲ ရှိလာစေဖို့ မိဘတွေက သင်ပေး နိုင်တဲ့
နည်းနှစ်ခု ရှိပါသည်။ ကလေးတွေကို ပျော်စရာ ဖြစ်လာအောင်လုပ်ဖို့နဲ့
သူတို့ကိုယ်စား နေရာတကာ ၀င်ပါပြောနေတာ မျိုး မလုပ်ဖို့ပင် ဖြစ်ပါသည်။
‘‘မိဘအတော်များများက သူတို့အနေနဲ့ ကလေးတွေအ တွက် ၀င်ပါပြီး ကလေးတွေအ
စားဝင်ပြောပေးရမယ်လို့ ထင် ကြတယ်။ ဒါဟာ တကယ်တော့ ကလေးရဲ့ လူမှုရေးကဏ္ဍကို ၀င်
နှောင့်ယှက်နေတာပါ။ ကိုယ်ဝင် ပြောချင်လာရင် မပြောခင် စိတ် ထဲမှာ ၁၊၂၊၃၊၄-၁၀
အထိ ဆိုနေ လိုက်။ ကလေးကို သူ့ဘာသာ ပြောပလေ့စေ’’ဟု ဂန်ကအကြံ ပေးပါသည်။
ကလေးက ရှက်သည်ဖြစ် စေ၊ မရှက်သည်ဖြစ်စေ ယခုလို စကားပြောခြင်းက လူမှုရေးအ
တွက် အကျိုးရှိစေပါသည်။ ကလေးစကားပြောပညာရှင်လော်ရင်းအိုင်လင်ကမူ
စာအုပ်တွေကိုအသုံးချပြီး ပုံပြင်များ ပြောစေခြင်းကလည်း ကလေးတွေ၏
စကားပြောစွမ်းရည်ကို အားပေးသည်ဟု ဆိုပါသည်။
‘‘ကျွန်မကတော့ မိဘတွေ ကို စာအုပ်ဖတ်ပြခိုင်းတာကို လုပ် ခိုင်းတယ်။
ကလေးတွေကို စာ အုပ်ထဲက ဇာတ်လမ်းအကြောင်း ပြန်ပြောပြတာက ဘာဖြစ်မလဲဆို တဲ့
သူတို့ရဲ့ သိလိုစိတ်ကို နှိုးဆွ ပေးတယ်။ ပုံပြောနေတုန်း ခဏ ခဏ ရပ်ပြီး
ကလေးတွေကို မေး ခိုင်းတာ၊ ပြီးတော့ ဆက်ပြောစေ တာမျိုးက ကလေးတွေအနေနဲ့
ဘာသာစကားကို သူ့ဘာသာ ပြောတတ်လာစေတယ်’’
ကလေးတွေက စကားတွေ စပြောလာအောင် မိဘတွေက လည်း ခေါင်းစဉ်တွေ ရှာပေးရမည်
ဟု ဆိုပါသည်။ ဥပမာ သူတို့ ကျောင်းအကြောင်း၊ ရုပ်ရှင်အ ကြောင်း၊
ကစားနည်းတွေအ ကြောင်း အစလုပ်ကာမေးပေးရ မည်ဟုလည်း စိတ်ပညာရှင် ဂန် က
ရှင်းပြသည်။
‘‘ပြီးတော့ ကလေးကိုလည်း သူများတွေ ပြောတာ နားထောင် ခိုင်းပြီး
သူတို့ဘာတွေ ပြောကြ သလဲဆိုတာ သိအောင်လုပ်ခိုင်း ပါ။ အဲဒီလို လုပ်တာက
ကလေးရဲ့ အသိအမြင်ကို ကြွယ်ဝလာစေ တယ်။ စကားပြောကောင်းသူ
တစ်ယောက်ဖြစ်လာတယ်ဆိုတာကလည်း တခြားသူတွေ ဘာစိတ်ဝင်စားတယ်ဆိုတာ သိလာတာကနေ
စတာပဲ။ ဒါကြောင့်ကလေးကို တခြားသူပြောရင်လည်း အာရုံစိုက်နားထောင်ခိုင်းပါ’’
စကားမပြောရဲသောကလေးတစ်ယောက်ဖြစ်သည့် ကျွန်မသည် လူတွေနှင့်
နေ့တိုင်းပြောဆို ဆက်ဆံလာရန် တွေးတောင် မတွေးရဲပါ။ သည်နေ့အထိ
လူမှုရေးနယ်ပယ်မှာ ကိုယ်ကစပြီး စကားစပြောဖို့ ခက်နေပါသေးသည်။
ယခုအချိန်မှာ ကျွန်မကို လူ တစ်ယောက်ယောက်က စကား ပြောကောင်းသူ
တစ်ယောက်လို့ ချီးကျူးပြောဆိုပါ သိပ်ကောင်းပါလိမ့်မည်။ ကျွန်မက ကလေးကို
ဒီအကြောင်းပြောပြကာ အားပေး နိုင်ပါလိမ့်မည်။
(သတင်းစာ ဆရာမဂျနီဖာမော်တန်၏ How to Raise a Confi-dent Child ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

No comments:
Post a Comment