သားသမီးတို့၏
လက်ဦးဆရာသည် မိဘများသာဖြစ်သည်။ ကျောင်းနေချိန် ရောက်၍ ဆရာဆရာမတို့ထံသို့ ၀ကွက် ၍
အပ်လိုက်သော်လည်း သားသမီး တို့၏ စိတ်ခံစားမှုအခြေအနေ၊ ကျန်းမာ ရေးအခြေအနေနှင့်
ဆုံးဖြတ်ပိုင်ခွင့်ကို အလေးထားကာ ဦးစားပေးသင့်သည်။ အထူးသဖြင့်
တက္ကသိုလ်ဝင်တန်းဖြေဆို ကြမည့် ကလေးတို့သည် မိဘတို့၏ အထူးဂရုပြုစောင့်ရှောက်မှုကို
ခံကြ ရသည့် အခွင့်ထူးခံကလေးများဖြစ်ကြ သည်။
အချို့မိဘတို့က
စိတ်ဖြောင့်ဖြောင့် ဖြင့် ပညာရေးကိုသာ ဦးစားပေးနိုင်ရန် သားသမီးတို့၏ သဘောထားကို
မေးမြန်း ခြင်းမပြုဘဲ ဘော်ဒါကိုသာတက်စေ သည်။ ထိုအခါ အိမ်လွမ်းသောရောဂါ ၀င်၍
ကျန်းမာရေးပါထိခိုက်ပြီး ပညာ ရေးကို နိမ့်ပါးစေအောင် ဖြစ်သွားကြ သည့်
ကလေးများအကြောင်းကိုလည်း မိဘတို့ သတိပြုစေချင်သည်။ အရာရာ တိုင်းသည် ကလေးအပေါ်တွင်သာ
မူ တည်သည်။ သူတို့ ကိုယ်တိုင် ၀င်ရောက် ဖြေဆိုရမည့် စာမေးပွဲကို မိဘတို့က
လမ်းကြောင်း တည့်မတ်အောင် ဖြေဆို ရမည့် စာမေးပွဲကို မိဘတို့က လမ်း
ကြောင်းတည့်မတ်အောင် စီစဉ်ပေးရန် သာဖြစ်သည်။ အရာရာကို မိဘတို့ သဘောအတိုင်း
မလုပ်ကြဖို့ အရေးကြီး ပါသည်။
ကျွန်မကိုယ်တွေ့တစ်ခုပြောလိုပါ
သည်။ ချမ်းသာသည့် မိဘနှစ်ပါးမှ မွေးလာသော ကလေးတစ်ဦးသည် ဖခင်နှင့် မိခင်တို့
လမ်းခွဲကြသောအခါ မိခင်နှင့်သာနေခဲ့ရရှာသည်။ မိန်းမသား ၏ မာနဖြင့် ဖခင်ဘက်မှ
ထောက်ပံ့မှု ကို မယူခဲ့သော မိခင်သည် တစ်ဦးတည်း သောသားအတွက် ရည်ရွယ်ပြီး အချိန် ပြည့်စီးပွားရှာနေခဲ့သည်။
သားဖြစ်သူ၏ စိတ်ခံစားမှုတွင် မိခင်၏ ကြင်နာမှုလို ချင်သည်ကိုလည်း ဂရုမထား၊ သား၏
အပေါင်းအသင်းများသည် မည်သည့် စိတ်ဓာတ်မျိုးရှိ၍ မည်သူတို့နှင့် ပေါင်း
သင်းသည်ကိုလည်း ဂရုမထားနိုင်အောင် သားလိုရာသုံးနိုင်ရန်သာ ငွေအပြည့်ပေး ထားသည်။
ထိုသားအမိနှင့် မတွေ့ရ သည်မှာ နှစ်နှစ်ခန့်ကြာပြီဖြစ်သော ကြောင့် သတိတရဖြင့် သူတို့အိမ်သို့ ကျွန်မ သွားခဲ့ရာတွင် တံခါးဖွင့်၍ ကြို သူသည် သားငယ်ဖြစ်သည်။ သို့သော် သား၏ ပုံစံမှာ သနပ်ခါးပါးကွက်ကျား၊ မိခင်ည၀တ်အိပ်သည့် ဂါဝန်ကိုဝတ်လျက် ပျော့ပျောင်းသော လက်ဟန်ခြေဟန် အပြည့်ဖြင့် ကျွန်မကို ဆီးကြိုရာ ကျွန် မ လွန်စွာအံ့သြရင်း စိတ်မကောင်းဖြစ် သွားရသည်။ မိခင်ဖြစ်သူမှာကား သား စိတ်ကြောင့် ဆိုဖာပေါ်တွင် ခြေပစ် လက်ပစ်ဖြစ်နေရှာပုံကို မြင်ရသော ကြောင့် သားမွေးထားသော ကျွန်မ သည် ကိုယ်ချင်းစာစိတ်ဖြင့် ရင်နှင့်အမျှ ခံစားမိပါသည်။ အဆုံးသတ်ရလျှင် မိခင်ရှာဖွေခဲ့သော သားအတွက် ငွေ ကြေးတို့သည် သား၏ ဘ၀ရှေ့ရေးကို လမ်းကြောင်းဖြောင့်အောင် မြှင့်တင် မပေးနိုင်ခဲ့ပါချေ။ သားသမီးအတွက် ငွေထက်အရေးကြီးသည်မှာ ကြင်နာမှု ဖြင့် ထိန်းသိမ်းကြပ်မတ်ရမည်ဖြစ် ကြောင်း သိခဲ့သော်လည်း နောက်ကျ ခဲ့ပြီဖြစ်သည်။

ယခုခေတ်အခေါ် Guide ဟူသည့်
အနီးကပ်ကြီးကြပ်သူသည်လည်း ကလေး တို့နှင့် အံဝင်ခွင်ကျဖြစ်ရန်လိုသည်။ အချို့သော
အနီးကပ်သင်ပြ သူတို့ သည် သူတို့အာဘော်အတိုင်း၊ သူတို့၏ နည်းအတိုင်းသာ ကလေးကို
စာကျက်စေ သည်။ ကျူရှင်တွင် သင်ရသည့် အာ ဘော်နှင့် နည်းပြ၏ အာဘော်တို့ မတူ သောအခါ
ကလေးတို့ ဒုက္ခရောက်ရ ကြောင်း မိဘတို့ သိသင့်သည်။
ကျွန်မသားန၀မတန်း တက်စဉ်က ကျောင်းကျူရှင်မတက်စေလို၍ အိမ်အနီး ရှိ တက္ကသိုလ်တက်နေသူ တစ်ဦးထံတွင် ကျူရှင်ယူစေသည်။ ကျူရှင်တွင် သင် ရမည့် လိုအပ်သော အထူးထုတ်စာအုပ် များကိုလည်း အကုန်ဝယ်ပေးရသည်။ အောက်တိုဘာလကုန်ခါနီး၌ သားဖြစ် သူ ပြောလာသည်မှာ ကျူရှင်တွင် တစ်လလုံးစာမသင်ကြောင်းပြော၍ မေးခဲ့ကြည့်ရာ ကျောင်းမှ စာသင်မှသာ စာပြန်ပြနိုင်မည်ဖြစ်ပြီး ယခုကျောင်းမှ စာမသင်သည့်အတွက် သူလည်း ကြို မသင်နိုင်ကြောင်းပြောကာ စာကြိုသင် ရမည်ဆိုပါက ငွေပိုပေးရန် တောင်းဆို လာသည်။ ထိုဖြစ်ရပ်တွင် ကျွန်မ၏ အမှားများစွာပါသည်။ နွေရာသီ သုံးလ လုံး ကြိုတက်လာသော်လည်း သင်ခန်း စာရှေ့ကြိုမရောက်ခြင်း၊ အောက်တိုဘာ တစ်လလုံး စာမသင်ဘဲ ငွေပေးလိုက် ရခြင်းတို့သည် ကျွန်မဂရုမစိုက်ခဲ့၍ ဖြစ် ရခြင်းပင်။ နောက်ဆုံးတွင် အတန်းတင် စာမေးပွဲ ဖြေဆိုပြီးသည်အထိ ကျောင်း ကျူရှင်တွင်သာ ထားခဲ့ရသည်။

အောက်တိုဘာလနောက်ပိုင်း၌
ကျောင်းတွင်းပွဲတော်များ ပြုလုပ်ခြင်း သည် စာသင်ခြင်းကို အနှောင့်အယှက် ဖြစ်စေသည်။
ဆရာကန်တော့ပွဲ၊ ကထိန် ပွဲတို့ပြီးပြန်လျှင် ကျောင်းသားစုံညီပွဲ အတွက်
ကြိုတင်ပြင်ဆင်မှုများကြောင့် ဆရာမများသည် စာမသင်ဖြစ်ခဲ့သည့် ရက်များအတွက်
နောက်ကျပြီးမှ လွတ် သွားသော စာများကို စုသင်ပေးသည်။ ကျွန်မခံစားချက်နှင့် ယှဉ်၍
မိဘတိုင်း သည် သားသမီးတို့အပေါ် ပညာရေး၌ ဂရုစိုက်စေချင်သည်။ ပုဂ္ဂလိက ကျောင်း
များစွာ ပေါ်ပေါက်နေသည်မှန်သော် လည်း အမှန်တကယ်ပညာသင်ပေးသည့် ကျောင်းနှင့်
ကျောင်းသားပျော်အောင် ကျောင်းသားတို့အလိုကျထားသော ကျောင်းများလည်း ရှိသည်ဖြစ်၍
စုံစမ်း ပြီးမှ အပ်စေလိုသည်။ ဇီးသီးဗန်းမှောက် ခြင်းသည် ကျွန်မတို့
မိဘများရှိရာတွင် မှောက်ခြင်းမဟုတ်သည့်အတွက် ကျွန် မတို့သည် ဇီးသီးဗန်းနှင့်
မည်သို့မျှ ပတ်သက်စရာအကြောင်းမရှိ။ သို့သော် ကျောင်းများတွင် မှောက်သည့် ဇီးသီး
ဗန်းတို့အကြောင်းကိုမူ ကြားသိနေရ သည်ပင်။
အခြားနိုင်ငံများတွင်
ကျောင်းတက် စဉ်အတွင်း မိမိသင်ယူရသည့် ဘာသာရပ် အလိုက် လုပ်ငန်းခွင်သို့ဝင်ရန် တစ်ပါ
တည်းသင်ပေးပြီးဖြစ်၍ ဘွဲ့ရပြီးပါက လုပ်ငန်းခွင်သို့ တန်းဝင်ရုံသာ ဖြစ်သည်။
မြန်မာနိုင်ငံတွင်မူ ဘွဲ့ရပြီးသည်နှင့် သင်တန်းမျိုးစုံမှ အောင်လက်မှတ် မျိုး စုံတို့ကို
အချိန်နှင့်ငွေကုန်ခံကာ ထပ် တက်ရပြီး ထိုလက်မှတ်များကိုင်ကာ
အလုပ်မရဘဲယောင်ချာချာဖြစ်နေသော ကလေးတို့ကို မြင်ရသော် ကျွန်မစိတ် မကောင်းပါ။
ကျွန်မတို့ ငယ်စဉ်က
သူငယ်တန်း တက်သည်နှင့် ဆရာမက ၀လုံးရေးနည်း ကို လက်ထပ်သင်ပေးခဲ့ပါတယ်။ ယခု
ခေတ်တွင်မူ သူငယ်တန်းအတွက် ကျူ ရှင်အဖြစ် မူကြိုတက်ရသည်။ မူကြို မတက်ခဲ့သော
ကလေးသည် ကျောင်း တက်ပါက စာလိုက်နိုင်မည်မဟုတ်ပေ။ ထိုကဲ့သို့ သူငယ်တန်းမှ
ဘွဲ့ရသည်အထိ ကျူရှင်တက်ရသော နိုင်ငံကို မြန်မာ နိုင်ငံဟု ခေါ်ပါသည်။ နိုင်ငံတော်
အကြံပေးကလည်း ကျူရှင်စနစ်ကို ထောက်ခံထားသည် မဟုတ်ပါလော။ ယခုအခါ
ပညာရေးမြှင့်တင်ရန်ဟုဆို၍ နှစ်တန်း ထပ်တိုးလေသော် နှစ်နှစ်စာကျူရှင်ခ
ထပ်ကုန်ဦးမည့် ကျွန်မတို့ မိဘများ၏ ဘ၀ကိုတွေး၍ ရင်လေးမိသည်။ အတန်း
မည်မျှတိုးစေကာမူ ကလေးများနားလည် စေရန် စေတနာအပြည့်ဖြင့် သင်ပြမည့် ဆရာ၊
ဆရာမတို့ပေါ်ထွက်မလာပါက ကျူရှင်ပြသူတို့ကောင်းစားစေရန် ကျွန် မတို့မိဘများက
ဆင်းရဲခံ၍ ပံ့ပိုးနေရ မည့် သဘောဖြစ်သည်။
အချုပ်ဆိုရလေသော်
ကျူရှင်နှင့် နည်းပြကို ငွေကုန်ကြေးကျခံ၍ ထား သော်လည်း မိဘများက အနီးကပ်ကြီး ကြပ်၍
လေ့လာသင့်သည်။ အချို့သော ကျောင်းနှင့် ကျူရှင်တို့သည် သင်ရိုးညွှန်း တမ်းအတိုင်းသာ
သင်ကြပြီး အပြင် မေးခွန်း (Unseen) များသင်ကြားခြင်း မရှိသည့်အတွက်
တက္ကသိုလ်ဝင်တန်း ဖြေဆိုလျှင် အထောက်အကူမရနိုင်ပေ။
မိမိ၏
ကလေးထူးချွန်ထက်မြက်ဖို့ ထက်အမှန်တကယ် ပညာတတ်စေလို ပါက မိဘတို့သည် အဓိကနည်းပြသူသာ
ဖြစ်ရပေမည်။ အတန်းတင်စာမေးပွဲ အတွက် မေးခွန်းသုံးစုံ၊ ငါးစုံ စသည် ဖြင့်
ထုတ်ပေးပြီး Unseen မေးခွန်းမပါ ဘဲ ဖြေဆိုရသော ကျောင်းတို့များစွာ ရှိကြောင်း
သိကြပေမည်။ ငွေပေး၍ စာသင်သည်ဟု လက်လွတ်စပယ်တွေး ပြီး မည်သူ့ကိုမျှ
မယုံလိုက်ပါနှင့်။ နာ သုံးနာကို လက်ကိုင်ထား၍ သင်သော ဆရာတို့သည် ယခုခေတ်တွင်
ရှားပါး နေပြီဖြစ်သောကြောင့် မိမိ၏ သားသမီး တို့ ပညာရေးသည် မိမိတို့မိဘများ ဂရု
စိုက်မှုပေါ်တွင်သာ မူတည်နေပါကြောင်း တင်ပြရင်းသားသမီးတို့ ဘွဲ့ရသည်အထိ အံခဲ၍
ထောက်ပံ့ကြပါစို့ဟု။
မကြည်ပြာ (သင်္ချာ))
No comments:
Post a Comment