ကလေးများ
အစားအစာကြေးများ ခြင်းသည် ကလေးငယ်ရှိသော မိဘများတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာတစ်ခုဖြစ်ပြီး
ဆရာဝန်အချို့က ကလေးဘ၀ ကြီးထွားဖွံ့ဖြိုးမှု၏ ပုံမှန်ဖြစ်စဉ် တစ်ခုဟု ယူဆကြသည်။ ၂၀
ရာခိုင်နှုန်းခန့်ရှိသော ယနေ့ မူလတန်းကလေးများ၏ မိဘများကလည်း သည်ကိစ္စသည်
၎င်းတို့ကြုံတွေ့နေကျ ပြဿနာတစ်ခုဟု ဆိုသည်။ ကလေးများက အချို့အစားအစာများကို
စားဖို့ငြင်းသည်။ မိဘတွေက ချော့ကျွေးတာကလည်း အမြဲတမ်းတော့လည်း အဆင်မပြေ၊
မအောင်မြင်ပါ။ တစ်ခါတလေတော့ ကလေးတွေကို အတင်းကို စားစေရတာမျိုး၊ နောက်တစ်ခါ
ထပ်စားစေရတာမျိုးတွေ လုပ်ရသည်။ ကလေးတွေ အစားကြေးများသည့်အခါ မိဘတွေစိုးရိမ်လေ့ရှိ
တာက အာဟာရမပြည့်မီမှာကို စိုးရိမ်ကြခြင်း ဖြစ်သည်။ တကယ်တမ်းတွင်မူ အစားအစာကြေးများ
ခြင်း နောက်တွင် သည့်ထက်ပိုကြီးကျယ်သည့် ပြဿနာတွေ လည်း ရှိလာနိုင်သည်။ တက္ကသိုလ်မှ
သုတေသီ များက အစားအစာကြေးများ သည့် ကလေးများကို နီးနီးကပ် ကပ်
လေ့လာသုတေသနပြုရာ စိတ်ဝင်စား အံ့အားသင့်စရာ ကောင်းသည့် ဖော်ထုတ်တွေ့ရှိမှု များကို
ရရှိခဲ့သည်။
အစားအစာကို
အလွန်အ မင်း ကြေးများတတ်သော ပြဿ နာရှိသည့် ကလေးများသည် စိတ် ပိုင်းဆိုင်ရာ
စိုးရိမ်မှုများနှင့် စိတ် ဓာတ်ကျနေမှုများ ရှိနေသည်ဟု ဆိုသည်။ အသင့်အတင့် အစား
ကြေးများသည့် ကလေးပင်လျှင် စိတ်ဓာတ်ကျတတ်ခြင်း၊ လူမှုရေး ဆိုင်ရာ
စိုးရိမ်ပူပန်မှုတွေ ရှိနေ တတ်သည်ဟု ဆိုသည်။ အစား အစာကို အတန်အသင့်လောက် သာ
ကြေးများတတ်သည့် ကလေး တွေမှာလည်း အရေးပေးမှုကိုလို ချင်ခြင်းနှင့် တက်ကြွမှု လွန်ကဲ
ခြင်းဆိုသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိသည်ဟု သုတေသီများက ဆိုသည်။ အစားအစာ
ကြေးများသည်၊ ဇီဇာကြောင်သည် ဆိုရာဝယ် ထ မင်းကျွေးရာမှာ ခရမ်းချဉ်သီးတို့၊
ပန်းဂေါ်ဖီတို့ကို မစားဘဲ ကြေးများသော ကလေးတွေကိုဆိုလိုခြင်းမဟုတ်ပါ။ အိမ်မှာ
ဘာနှင့်ကျွေးကျွေး ဘာမဆို အလွယ်တကူ မစား တတ်သော၊ အခြားသူတွေနှင့်လည်း အတူစားရာမှာ
ဘာလုပ်လုပ် ကြေးများပြဿနာရှာနေသော ကလေး များကို ဆိုလိုခြင်း ဖြစ်ပါသည်။ ‘‘တချို့ကလေးတွေပေါ့။
တော်တန်ရုံမစားဘူး။ ဘာနဲ့မှ စားမယ်။ ဘယ်အချိန်မှစားမယ်။ ဘယ်သူနဲ့မှ၊ ဘာလုပ်ပေးမှ
စား မယ်။ အဲဒီလိုလူမျိုးတွေဆိုရင် တော့ ပြဿနာစရှိလာပြီ’’ဟု The Duke တက္ကသိုလ်မှ
ကလေးအ စားပုံမှန်မစားခြင်း လေ့လာရေး ဌာန ဒါရိုက်တာနန်စီဆူကာက ပြောသည်။
‘‘ဒီလို
ကလေးတွေမှာ ထိခိုက်မှုတွေက ပုံစံမျိုးစံနဲ့ ရှိတတ်ပါတယ်။ ဒီအစားကြေးများတဲ့ ပြဿနာက
ကလေးရဲ့ ကျန်းမာရေး၊ကြီးထွားမှု၊ လူမှုရေး ဆောင်ရွက်မှုနဲ့ မိဘနဲ့ ကလေးကြား
ဆက်ဆံရေးကို ထိခိုက်စေပါတယ်။ ကလေးအနေနဲ့ ဘယ်သူကမှသူတို့ကို မယုံဘူးလို့
ထင်သလို မိဘတွေကလည်း ဒီပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကြတယ်’’ နန်စီအပါအ၀င်
သုတေသီ များသည် အဆိုပါ အစီအစဉ်အ တွက် အသက်(၂)နှစ်မှ (၆)နှစ် အကြား ကလေး ၉၁၇ ဦးကို
လေ့ လာ သုတေသနပြုခဲ့ကြသည်။ ယင်းသုတေသနကို မကြာသေးမီက ကလေးကျန်းမာရေး ဂျာနယ် တွင်
ဖော်ပြခဲ့သည်။ အဆိုပါ လေ့လာချက်အရ သုတေသီများက မိဘများ
အကျွမ်းဝင်ရှိပြီးသားဖြစ်သော အကြောင်းအရာတစ်ခုကို အတည်ပြုနိုင်ခဲ့ သည်။
အစားအစာ ကြေးများမှု အသင့်အတင့်ရှိသော ကလေးများသည် အိမ်တွင် အစားအစာများ
နှင့်ပတ်သက်၍ သာမန်ကလေးများထက် နှစ်ဆမှ ငါးဆပြဿနာလုပ်တတ်သော သဘောရှိသည်။ အစားအစာကြေးများမှုမှာ
တော်ရုံနှင့် အလိုမကျတတ်သော၊ ဇီဇာကြောင်သော ကလေးများ ကတော့ အိမ်အပြင်ဘက်တွင်
အစာစားလျှင် အစားအစာနှင့် ပတ်သက်၍ ရိုးရိုးကလေးများ ထက် နှစ်ဆလောက် ပြဿနာရှာ
တတ်သည့် သဘောရှိသည်ဟု ဆိုပါသည်။
ထိုသုတေသန
ပြုမှုအရ ကလေးများ၏ အစားစားခြင်း အလေ့အထသည် ၎င်းတို့ရုပ်ပိုင်း ဆိုင်ရာ နေထိုင်မှုနှင့်
အိမ်မှာပြ ဿနာရှိမှုတို့နှင့်လည်း ဆက်စပ် နေတတ်သည်ဟု ဆိုသည်။ အချို့အစားအစာတွေကို
ကြေးများပြီး ငြင်းဆန်တတ်သော ကလေးများသည် မိသားစုမှာ ရိုက်ပုတ်နှိပ်စက်မှုများနှင့်
စိတ် ဓာတ်ကျရောဂါရှိသော အမေနှင့် အတူ နေရသူများဖြစ်ဖို့ များသည် ဟုလည်း
သုတေသီများက ပြော သည်။ သည်နေရာမှာ စိတ်ပူစရာ မလိုတာက အစားအစာကြေးများ ခြင်း၊
ဇီဇာကြောင်ခြင်းဆိုသည် မှာ ကလေးများဆီမှာ အမြဲတမ်း ထာဝရ ရှိနေသော အရာမဟုတ် ပါ။
များသောအားဖြင့် ကလေးတွေ ကြီးကောင်ဝင်ပြီး အရွယ် ရောက်သည့်အခါ သည်အကျင့် လည်း
ပျောက်သွားတတ်သည်။ သို့သော် တချို့တွေကတော့ အကျင့် ပျောက်မသွားဟုဆို သည်။
သည်လိုဆိုပါက သည်လို ကလေးတွေကို အရေးထား အာ ရုံစိုက်ပြီး ဖြေရှင်းဖို့ လိုသည်။
မိဘများအနေဖြင့် နားလည်သူများဆီမှာ အကူအညီတောင်းခံပြီးသည်ပြဿနာကို
ဖြေရှင်းသင့်သည်။ ‘‘ကလေးအားလုံးက လူကြီးဖြစ်လာတဲ့ အချိန်ကျရင် အစားအစာကြေးများတာ၊
အစားရွေးစား တာတွေ ရှိနေတော့မှာ မဟုတ်ပါ ဘူး။ ဒါပေမဲ့ သည်လိုကလေးဘဝ
အစားအစာကြေးများတဲ့ ကလေး တွေမှာ ငယ်စဉ်မှာ ကျန်းမာရေး နဲ့ ဖွံ့ဖြိုးမှုတွေ
ထိခိုက်တာကို တွေ့ရပါတယ်။ ဒါကြောင့် မိဘ တွေကို ကူညီပြီးသည် ပြဿနာ ကို
ကူညီဖြေရှင်းဖို့ စဉ်းစားသင့်ပါ တယ်’’ဟု သုတေသီနန်စီဆူကာ က ပြောကြားခဲ့သည်။
(၀ါရှင်တန်ပို့စ်သတင်းစာပါ
Your Kid's Picky Eating May Not be so Harmless After All ဆောင်းပါးကို
ထားထားမြင့် ဘာသာပြန်ဆိုသည်။)

No comments:
Post a Comment