ယခု
၂၀၁၅ နှစ်ဆန်း အခါသမယ ဇန်နဝါရီလလယ်ပိုင်းရက်တွေအတွင်းဆီတုန်းက မြန်မာနိုင်ငံရန်
ကုန်မြို့တော်၌ မည်သည့် အခါကမှ မကျင်းပဖူးခဲ့သည့်စာပေပွဲတော် ကြီးတစ်ခု
ကျင်းပဖြစ်ခဲ့ပါသည်။ Nobel-Myanmar Literary Festival ပင်ဖြစ်ပါသည်။ နိုဗယ်
မြန်မာစာပေပွဲတော်ဟု ဆိုကြပါ စို့။ စာပေအနုပညာနှင့် ပတ်သက်သူများအားလုံး
ကိုယ့်အသိနှင့် ကိုယ် ပါဝင်ဆောင်ရွက်လိုက်ကြ သဖြင့် တကယ့်ကို ခြိမ့်ခြိမ့်သဲသည့်
ပွဲတော်ကြီးဖြစ်သွားခဲ့ရပါသည်။ စာအုပ်ဈေးများ၊ ဟောပြောပွဲများ၊
စင်တင်ပြဇာတ်များ၊ စာပေဆွေးနွေးပွဲများ၊ စာပေစကား ဝိုင်းများ၊
ရေးသူဖတ်သူထုတ်ဝေသူများ။
ထို
၂၀၁၅ နိုဗယ်မြန်မာစာပေ ပွဲတော်၏ အထူးပြုဦးတည်ရာနယ်ပယ်က စာပေနှင့် ငြိမ်းချမ်းရေး။
ယခုစာပေပွဲတော်တစ်ခုထပ်
မံကျင်းပနိုင်ရန်အတွက် စာပေ လောကသားတို့ စိုင်းပြင်းလျက်ရှိ ကြပြန်ပါပြီ။ ၂၀၁၆
နှစ်ဆန်း၌ ကျင်းပရန် ရည်ရွယ်ထားကြပြီး သည်တစ်ခါ ဦးတည်ရာက ကလေးစာပေ၊ ကလေးတို့အတွက်
ဖြစ်ပါသည်။ ကလေးဟုဆိုလိုက်ရ သော်လည်း သူတို့နှင့် နယ်နိမိတ် ချင်းထိစပ်နေသည့်
လူငယ်စာပေ လည်း သိုးကာသီကာဖြင့် ပါ ကောင်းပါနိုင်မည်ပေါ့။ ထား။ ထို Nobel-Myanmar
Literary Festival (children)အတွက် အကြိုအစည်းအဝေးပွဲက လေးတစ်ပွဲလုပ်ရာ
ထိုပွဲသို့ရောက် သွားရပါသည်။ ဘာတွေလုပ်မယ်၊ ညာတွေလုပ်မယ်၊ ဘယ်သူဘာ လုပ်၊
ဘယ်ဝါဘာလုပ်ညှိနှိုင်းကြ သည့်ပွဲပဲဖြစ်ပါသည်။ ထိုလုပ် ဆောင်ရန်ဆုံးဖြတ်ကြရာ၌ အရေး
ကြီးသောတစ်ခုမှာ ကလေးစာပေ ထုတ်ဝေခြင်း။ ကလေးများဖတ်ဖို့။
လူကြီးများဖတ်ဖို့မဟုတ်။
တိုက်တိုက်ဆိုင်ဆိုင်
ယခု ရက်ပိုင်းကလေးအတွင်း၌ အရေး ကြီးသည့်အစည်းအဝေးကလေး တစ်ခုတက်ရပါသည်။ မူလတန်း
ဖတ်စာစာအုပ်ပြုစုရေးသားမှုနှင့် ပတ်သက်၍ အကြံပေးရသည့်အ စည်းအဝေး။ ထိုအစည်းအဝေးသို့
တက်ရောက်လာသူ နိုင်ငံခြားသား တစ်ယောက်က စကားပြန်မှတစ်ဆင့် ပြောသော စကားတစ်ခွန်းမှာ
တော်တော်ကလေး စဉ်းစားဖို့ ကောင်းပါသည်။ ကျောင်းသင်ရိုးပါ မြန်မာစာကို
အထောက်အကူပြုရန်အတွက် ကျောင်းပြင်ပဖတ်စရာ စာအုပ်များကို ကလေးတို့အတွက်
ရေးသားပေးကြပါရန်ဟု ထိုနိုင်ငံခြားသားက မေတ္တာရပ်ခံနေခြင်းပင် ဖြစ်ပါသည်။
ကလေးတို့ဖတ်စရာတဲ့။
ကလေးတို့ဖတ်ဖို့တဲ့။
ကလေးစာပေတဲ့။
ကျွန်တော်တို့မှာ ပေါကြွယ်ဝ ကြပါရဲ့လား။
ကလေးတို့ဖတ်ဖို့တဲ့။
ကလေးစာပေတဲ့။
ကျွန်တော်တို့မှာ ပေါကြွယ်ဝ ကြပါရဲ့လား။
ကလေးတို့ဖတ်စရာ
စာပေအနုပ ညာဆိုသည်က လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်ပါ သည်။ စွတ်ရွတ်ပြီး
ချရေးလိုက်၍ ရသည်မျိုးမဟုတ်ပါ။
မမ
ဝဝ
ထထ က
အက ပထမ။
ကပါ ကပါ
မမရာ
ညည လသာသာ
ညအခါ
ငါစာရ
မမ ဝဝ
ထထ က။
ထထ က
အက ပထမ။
ကပါ ကပါ
မမရာ
ညည လသာသာ
ညအခါ
ငါစာရ
မမ ဝဝ
ထထ က။
ယင်းမှာ
နိုင်ငံကျော်ကဗျာ ဆရာကြီး ‘‘တင်မိုး’’၏ ‘‘မမဝဝ’’က လေးကဗျာဖြစ်ပါသည်။ အ ကြောင်းအရာက
ကလေးဘဝပတ် ဝန်းကျင်အကြောင်းအရာ။ ကဗျာပါ စကားလုံးတွေက ရိုးရိုးဗျည်းနှင့်
ရိုးရိုးသရတွေချည်း။ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုးမပါ။ အသတ်မပါ။ အ နှင့် အာ ကိုသာ
အခြေခံပြီးရေး ထားကြောင်း တွေ့ရပါလိမ့်မည်။
ပါပီကလေး
ပု တု တု။
သူ့စကားက
ဝု ဝု ဝု။
သူ့စကား လူမသိ
လူ့စကား သူမသိ
သနားပါဘိ။
ပု တု တု။
သူ့စကားက
ဝု ဝု ဝု။
သူ့စကား လူမသိ
လူ့စကား သူမသိ
သနားပါဘိ။
ယင်းကမူ‘‘ဒေါက်တာမောင်ဖြူး’’၏
‘‘ပါပီကလေး’’ကလေးကဗျာ။ အကြောင်းအရာက ကလေးကြိုက်ခွေးကလေးအကြောင်း။ ကဗျာတစ်ပုဒ်လုံး၌
အသတ်မပါ။ ဗျည်းတွဲမပါ။ အအာအား၊ အိအီအီး၊ အုအူအူးသာပါသည့်ကဗျာ။
ကလေးတို့ဖတ်ဖို့ဆိုသည်မှာ
ဉာဏ်ကြီးသူတို့က အသေအချာ ချင့်ချိန်တွက်ဆပြီးမှ ချရေးသား ထားခဲ့ခြင်းဖြစ်ပေရာ
လွယ်ကူ သောအလုပ်ကား မဟုတ်ပါ။ ထို့ကြောင့် ဆရာတင်မိုးက ငယ်ငယ်တုန်းက လူကြီးကဗျာရေး
တယ်။ ကြီးလာတော့ ကလေးက ဗျာရေးတယ်ဟု ဆိုခဲ့ခြင်းဖြစ်ပါ သည်။ ကလေးတို့အတွက် သင့်၊
မသင့်ဆိုသည်ကို ကြီးမှသာ ချိန် ဆနိုင်မည်မဟုတ်လား။
မြန်မာနိုင်ငံ၌
ကလေးစာပေအ မည်ခံကာ ကဗျာ၊စကားပြေအထွေ ထွေထွက်ရှိပါသည်။ စာအုပ်အ များစုက
အရောရောအထွေးထွေး ထွက်နေကြခြင်းဖြစ်ရာ မည်သည့် အသက်အရွယ်အတွက် မည်သို့ သောအဆင့်
(Level)နှင့်ပြုစုရေး ထားလေသလဲဆိုသည်ကို မသိ ပါ။ ရေးသူထုတ်သူ မည်သို့သော
မူနှင့် ပြုစုရေးသားတည်းဖြတ် ထုတ်ဝေနေသလဲဆိုသည်ကို မခန့် မှန်းတတ်ပါ။ မြန်မာနိုင်ငံ
ပြင်ပမှာက က လေးတို့ ဖတ်စရာကို သီးခြားပြုစု ပါသည်။ ဗျည်းအဆင့်၊ သရအ ဆင့်၊
စကားလုံးအဆင့် စသည်ဖြင့် ဖတ်မည့်ကလေး၏အသက်နှင့် အတန်းကိုပါချိန်ဆကာ ဖတ်စရာများ ကို
ရေးသားပေးကြခြင်းဖြစ်ပါ သည်။ ဥပမာဆိုကြပါစို့။ Sophie’s World ။
ကျွန်တော်တို့ဆီ၌လည်း ဆိုဖီ၏ကမ္ဘာ စသည်ဖြင့် လူသိများ ပါသည်။
ထိုစာအုပ်ကိုရေးသူ Jostein Gaarder က ကမ္ဘာ့အ တွေးအခေါ်များကို
ဆယ်ကျော်သက်တို့နားလည်စေရန် ဝတ္ထုပုံစံ ဖြင့် ဘာသာစကားအဆင့်ကို အောက်သို့လျောဆင်းကာ
ရေး ထားခဲ့ခြင်းဖြစ်ပါသည်။ ကောင်းလွန်းသဖြင့် မူရင်းနော်ဝေးဘာသာ မှ တစ်ဆင့်
ဘာသာအသီးသီးသို့ ပြန်ခဲ့ရသော စာအုပ်ဖြစ်ပါသည်။
Philosophy
for Kids တဲ့။Philosophy for Teens တဲ့။ နက် နဲသည့်အတွေးအခေါ်များကိုပင်
ကလေးတို့အတွက်၊ ဆယ်ကျော်သက်အတွက် ထုတ်ဝေကြပါ သည်။ ရော်ဘင်ဆင်ခရူးဆိုး (Robinson
Crusoe)ကိုလည်း ကလေးဖတ်ဖို့ ထုတ်သည်။ မျှော်တလင့်လင့် (Great Expectations)ကိုလည်း
ကလေးဖတ်ဖို့ ထုတ်သည်။ ပင်လယ်ပြာနဲ့တံငါအို(The old man and the sea)ကိုလည်း
ကလေးဖတ်ဖို့ ထုတ်သည်။ လေရူးသုန်သုန်(Gone with the Wind)ကိုလည်း ကလေးဖတ်ဖို့
ထုတ်သည်။ သူတို့က မူရင်းကို အကျဉ်း ချုံ့လိုက်ရုံသက်သက်မျှ မဟုတ် ပါ။
ဘာသာစကားအဆင့်အလိုက် သုံးစွဲကာ ပြန်ရေးခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ဆီမှာ
ထိုကိစ္စ အား အလွန်နည်းပါသည်။ မြန်မာ ကလေးတို့ဖတ်ဖို့ရာ ကျွန်တော်တို့ ရေးကြရာ၌
အသစ်ကိုပဲ ရေးရေး၊ အဟောင်းကိုပဲ ပြန်ရေးရေး ဘာ သာစကားကိစ္စကို အလေးထားစေ ချင်ပါသည်။ ခပ်တိုတိုကလေး
ရေးလိုက်လျှင် ကလေးတို့အတွက် ဖြစ်ကရော့ဟု သဘောထား၍ မရနိုင်ပါ။
ကလေးစာပေပွဲတော်အမီ
ကလေးဆန်ဖို့ရာ ကြိုးစားကြပါဦး စို့ရဲ့။

No comments:
Post a Comment