ကလေးတွေကို
အချိန်မရွေးဆက်သွယ်ဖို့ လက် ကိုင်ဖုန်းတွေက အကောင်းဆုံးဆိုတာ သံသယ ဖြစ်စရာမလို။
သို့သော်လည်း ယနေ့အချိန်တွင် မိဘများအတွက် ကလေးတွေကို လက်ကိုင်ဖုန်းပေးသုံး၍
ဖြစ်ပါ့မလား ဆိုသည့်အတွေးက ခက်ခက်ခဲခဲစဉ်းစား စရာတစ်ခု ဖြစ်လာပါသည်။
သည်လိုစဉ်းစားရသည်က ကလေး၏ အသက်အရွယ်တစ်ခုတည်းကြောင့်တော့မဟုတ်ပါ။
ကလေးတွေကိုဖုန်းပေးထားဖို့
ကလေး၏လိမ္မာရေးခြားရှိမှု အနေအထားနှင့် ဖြစ်လာနိုင်သည့်အခြေအနေတွေ ကိုပါ ထည့်
တွက်ဖို့လို၍ ဖြစ်ပါ၏။
ကလေးမှာ
ဖုန်းရှိနေလျှင် အားသာချက်က ကိုယ်ကကလေးကို အချိန်မရွေးဖုန်းဆက်လို့ရသည်။
မက်ဆေ့ခ်ျပို့ လို့ရပြီး သူဘယ်မှာရှိသည်ဆိုသည်ကို အလွယ်တကူသိနိုင်သည်။ ကိုယ့်ကလေးဘယ်မှာရှိနေတာသိသည့်
အတွက် မိဘမှာလည်း စိတ် အေးရသည်။ သူတစ်ခုခုဒုက္ခရောက်လျှင်လည်း ကိုယ့်ကိုသူက လှမ်းခေါ်လို့
ရသည်။
သည်အကြောင်းများက
ကလေးတွေကို မိဘများက ဖုန်း ဝယ်ပေးရသည့်အကြောင်းတရားများဖြစ်ပါသည်။
အမေရိကန်နိုင်ငံတွင်
အ သက်(၁၄)နှစ်မှ (၁၇)နှစ်အကြားရှိ ကလေး ၈၅ ရာခိုင်နှုန်းမှာ လက် ကိုင်ဖုန်းများရှိ
ကြသည်ဟုဆိုသည်။ အသက် (၁၁) နှစ်မှ (၁၄) နှစ်အကြား ကလေး ၆၉ ရာခိုင် နှုန်းခန့်က
မိဘများ ပေးထားသော လက်ကိုင်ဖုန်းများ ရှိသည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံတွင်
ယခုဖုန်းတွေ လွယ်လွယ်ကူကူရလာသည့်အခါ နိုင်ငံတကာက မိဘများကဲ့သို့ ကလေးတွေကို ဖုန်းပေးကိုင်ရန်
သင့်၊ မသင့်ကို မြန်မာမိဘအချို့က စဉ်းစားလာနေကြပါပြီ။
ကလေးတွေကို
ဖုန်းပေးကိုင်သည့်အတွက် အားသာချက်အပြင် အားနည်းချက်များရှိသည်ကို မိဘများ
ထည့်တွက်ဖို့လိုသည်။ ပထမအချက်က ကျန်းမာရေးဖြစ်၏။ ဖုန်းများသည် ရေဒီယိုလှိုင်းများဖြင့်
အလုပ်လုပ် သည်။ ထိုဓာတ်ရောင်ခြည်သည် ဓာတ်မှန် ရိုက်သကဲ့သို့ မပြင်းသော်လည်း
သုံးစွဲသူကို အနည်းငယ်သက် ရောက်မှုရှိသည်ဟု ကျန်းမာရေး ပညာရှင်များက ထောက်ပြကြ၏။
အမေရိကန်
ကျန်းမာရေး ဌာနကမူ ‘‘အခုအချိန်ထိ လက် ကိုင်ဖုန်းတွေက သုံးစွဲသူတွေကို
ဓာတ်ရောင်ခြည် သင့်တယ်ဆိုတဲ့ အချက်ခိုင်ခိုင်မာမာမပြနိုင်သေး ပါဘူး’’ဟု
တရားဝင်ကြေညာထားပါသည်။
သို့သော်လည်း
ကလေးတွေ လက်ကိုင်ဖုန်းပြောရာမှာ နားနားကပ်ပြောသည်ထက် စပီကာ ဖွင့်ပြောစေဖို့၊
နားကြပ်သုံးပြီး ပြောစေဖို့ ကျန်းမာရေးပညာရှင် များက အကြံပြုထားပါသည်။
နောက်တစ်ခုက
ကလေးတွေကို လက်ကိုင်ဖုန်းပေးသုံးခြင်းဖြင့် အိပ်ချိန်ထိခိုက်နိုင်သည်ဆိုသည့်အချက် ဖြစ်ပါသည်။
ကလေးများက အိပ်ရာဝင်ချိန်မှာဖုန်းကိုပါယူသွားပြီး အချင်းချင်းမက်ဆေ့ခ်ျပို့ခြင်း၊
မိဘမသိအောင် ဖုန်းခိုးခေါ် ခြင်းနှင့် ဂိမ်းကစားခြင်းပြုလုပ်ကြလေ့ရှိပါသည်။
ကြီးထွားစကလေး ငယ်များတွင် အိပ်ရေးပျက်ပါက ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ထိခိုက်စေ
ပါသည်။ ထို့ကြောင့် အိပ်ရာဝင်ချိန်မှာ ဖုန်းကို မိဘကသိမ်းဆည်း ရန်လိုသည်ဟုကလေးပညာရှင်များက
အကြံ ပေးထားပါသည်။
နောက်ထပ်
သတိပြုစရာက ယနေ့ခေတ် တယ်လီဖုန်းများ သည် ဖုန်းပြောဆိုရန်ထက် ပိုပါသည်ဆိုသည့်
အချက်ပင်ဖြစ်သည်။ ဖုန်းမှာအင်တာနက်သုံးလို့ရသည်။ ဖေ့စ်ဘွတ်ခ်လို လူမှုရေး
စာမျက်နှာများရှိသည်။ ဗီဒီယို၊ သီချင်း၊ ဂိမ်းအကုန်ကြည့်လို့ရနေပါပြီ။ ကလေးတွေကို
သည်အရာတွေ အကုန်လုံးပေးကြည့်ရန် လူကြီးတွေ အနေဖြင့် စဉ်းစားဖို့ လိုပါသည်။
လူမှုရေးဆက်ဆံမှုအပိုင်း
မှာတော့ ကောင်းသည်လည်းရှိ သလို အဆိုးလည်းရှိလာနိုင်သည်။ မက်ဆေ့ခ်ျများပို့၍
ဖေ့စ်ဘွတ်ခ် ကနေတစ်ဆင့် အချင်းချင်းအနိုင်ကျင့် စော်ကားမှုတွေလုပ်နိုင်သလို ကလေးတွေ
ဘယ်နေရာမှာရှိ သည်ဆိုသည်ကို မသမာသူများ က အလွယ်တကူသိနိုင်ပါသည်။
ထို့အပြင်
ကျန်းမာရေးဆိုင်ရာလေ့လာမှုအချို့အရ ခဏခဏ မက်ဆေ့ခ်ျတွေပို့ခြင်းဖြင့် ကလေး၏
အာရုံစူးစိုက်မှု ကို ပျက်ပြားနိုင် ပါသည်။ ကလေးအချင်းချင်း တယ်လီဖုန်းများကနေ ၂၄
နာရီ ဆက်သွယ်လို့ရနေသည် ကလည်း တစ်ခါတစ်ရံမှာတော့ စည်းကမ်းပျက်မှုတွေဖြစ်လာနိုင်ပါသည်။
ကလေးမိဘတစ်ဦးဖြစ်သည့်
အမျိုးသမီးအယ်ဒီတာကာ ရိုးလိုင်းကနော်ကမူ ကလေးတွေကို လက်ကိုင်ဖုန်း ပေးဖို့ အသက်
အရွယ်နှင့်အတန်းပညာထက် သူတို့၏ ရင့်ကျက်သိတတ်မှုအပေါ် မူတည်ဆုံးဖြတ်ရမည်ဟု ဆိုပါ
သည်။
‘‘ကျွန်မတို့ကလေးတွေကို
အမှီအခိုကင်းစေချင်တယ်။ ကျောင်းကနေ အိမ်ကိုကိုယ့်ဘာသာပြန်လာစေ ချင်တယ်။ ကစားကွင်းမှာ
မိဘမပါဘဲ ကစားစေ ချင်တယ်။ ဆဲလ်ဖုန်းတွေက ဒါကို ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ မိဘတွေက
ကိုယ့်ကလေးတွေ ဖုန်းကို အန္တရာယ်ကင်းကင်းသုံး တတ်ပါ့မလားဆိုတာကို အရင် လေ့လာဖို့ လိုတယ်’’
ကလေးများကို
ဖုန်းပေးဖို့အတွက် ကိုယ့်ကလေးက ဘယ်လောက်ရင့်ကျက်နားလည်နေပြီလဲဆိုတာ မိဘများက
အရင်ဆန်း စစ်ကြည့်ဖို့လိုသည်ဟု ကလေး ပညာရှင်များက ပြောပါသည်။
ထိုအထဲမှာ
ကလေးက ပစ္စည်းတွေ ပျောက်တတ်သည့် အကျင့်ရှိလား၊ ကိုယ့်တာဝန်ကိုယ် ယူတတ်သည့်
ကလေးမျိုးလား၊ လက်ကိုင်ဖုန်းကို ဘယ်လိုသုံးရ မည်ဆိုသည်ကို သူနားလည် သလား စတာတွေကို
မိဘက အရင်ဆန်းစစ်လေ့လာရန်လိုပါ သည်။
ထို့အပြင်
ကလေးကို လက်ကိုင်ဖုန်းပေးသည်ဆိုပါက သူဘယ်သူနှင့် ဖုန်းပြောသည်။ မက်ဆေ့ခ်ျပို့ ဆက်သွယ်
နေသည်ဆို သည်ကိုလည်း မိဘများက အကဲ ခတ်စောင့်ကြည့်ရန်လိုပါသည်။
‘‘ကလေးတွေကတော့
မိုဘိုင်းဖုန်းက သူတို့ကိုယ်ပိုင် ပစ္စည်းလို့ထင်ကြမယ်။ လူကြီး တွေစောင့်ကြည့်တာ ကြိုက်မယ်
မထင်ဘူး။ ဒါပေမဲ့ လူကြီးက လည်းပြောရမယ် မင်းတို့ဖုန်းသုံး တာကောင်းကောင်းသုံးသလား
ကိုယ်ကစစ်တာဆိုပြီး ဘယ်သူက ထူးထူးဆန်းဆန်းမက်ဆေ့ခ်ျတွေ ပို့သလဲ၊ ဘယ်သူက ခဏခဏခေါ်နေသလဲ
ဒါမျိုးကြည့်ပေးရမယ်’’ ဟု ကာရိုလိုင်းကပြောကြားသည်။
စီအိုင်အေတီခေါ်
အိုင်တီပညာပေး စာအုပ်စုတစ်စုကမူ ကလေးများကို လက်ကိုင်ဖုန်းပေးသုံးလိုလျှင်
လူကြီးများက အချက် အချို့ကို လိုက်နာရမည်ဟုဆိုပါ သည်။
ပထမအချက်က
ကလေးကို ခေတ်မီကင်မရာ၊ အင်တာနက်၊ ဂိမ်းများမပါရှိသည့် ရိုးရိုးရှင်းရှင်း လက်ကိုင်ဖုန်းကိုသာ
သုံးခွင့်ပေးရမည်ဟု ဆိုပါသည်။ ကိုယ့်ဖုန်း အဟောင်းကို ကလေးကိုပေးကိုင်မည် ဆိုပါကလည်း
ထိုအရာတွေ ကိုဖျက်ပြီးမှ ပေးရမည်ဟု ဆိုပါ သည်။
ထို့အတူ
ကလေးကိုမက်ဆေ့ခ်ျဘယ်နှခုပို့ရမည်။ တစ်လကို ဖုန်းဘယ်နှခါပြောသင့်သည်စသည့် သတ်မှတ်ထားသော
ပမာဏနှင့် ခွင့်ပြုပေးရမည်။ ပြောချင် သလောက်ပြော၊ သုံးချင် သလောက်သုံး
ပုံစံများနှင့် ခွင့် မပြုသင့်ပါ။ သည့်အပြင် ကိုယ် ကိုယ်တိုင်ကလည်း ကလေးရှေ့ မှာ
စံပြဖြစ်အောင်ဖုန်းကိုသုံးစွဲရ မည်။ ကလေးကို တားမြစ်ထားပြီး ကိုယ်က
ဖုန်းကိုတစ်ချိန်လုံးသုံးနေ ခြင်းမျိုးမဖြစ်အောင် ဂရုပြုသင့် သည်။
ကလေးများအား
ဖုန်းကိုနားနှင့် ကပ်သုံးနေခြင်းကိုရှောင်ရှားစေပြီး နားကြပ်ဖြင့်သုံးစွဲစေသင့်သည်။
ကလေးများ ၏ အိပ်ရာခေါင်းအုံးအောက်မှာ ဖုန်းထားပြီး အိပ်ခြင်းမျိုးကိုလည်း မပြုလုပ်အောင်တားမြစ်ရမည်။
လက်ကိုင်ဖုန်းကို
ယဉ်ကျေးမှုရှိစွာသုံးစွဲတတ်အောင်သင်ပေးရမည်။ ဥပမာစာသင်ခန်းမှာ၊ အစည်းအဝေးခန်းမှာ
လူအများရှေ့ မက်ဆေ့ခ်ျပို့တာ၊ ဖုန်းပြောတာမလုပ်မိအောင် သင်ပေးရမည်။ ထို့အတူ
မပြောသင့်သော ကိုယ်ရေးကိုယ်တာပုံများကိုလည်း လူမြင်သာအောင် ဖုန်းနှင့်မဖြန့်ဝေသင့်သည်ကိုလည်း
ရှင်းပြထား သင့်သည်။
သည်အချက်တွေကို
ကိုယ်ကသေသေချာချာလိုက်လုပ်နိုင်ပြီဆိုလျှင်တော့ ကလေးတွေကို လက်ကိုင်ဖုန်းပေး ကိုင်လို့ရပါပြီ
ဟု စီအိုင်အေတီက အကြံပေး တင်ပြထားပါသည်။
—Ref:
CIAT
No comments:
Post a Comment