‘ပွင့်ဖတ်တွေကို
ခြွေခြွေချလို့ကတော့
ပန်းတစ်ပွင့်ရဲ့ အလှတရားကို
ဘယ်တော့မှ စုစည်းလို့ရမှာမဟုတ်ဘူး’’
‘တဂိုး’ရဲ့ နှစ်သက်စရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကျွန်တော် တို့ဟာ
တစ်ချိန်တစ်ခါတုန်းက ပန်းကလေးတွေဖြစ်ခဲ့ကြတယ်။ မိဘနှစ်ပါးတည်းဟူသော ဥယျာဉ်
မှူးကောင်းများရဲ့ အပြုစု၊ အ စောင့်ရှောက်၊ ရေလောင်းပေါင်း
သင်အနာဂတ်အမြင်တွေကြောင့် ကျွန်တော်တို့ဟာ
အရောင်အဆင်းအသွင်သဏ္ဌာန်အမွှေးအနံ့တွေနဲ့ ပြည်စုံခဲ့တဲ့
ပန်းကလေးတွေဖြစ်ခဲ့ကြတယ်။ အရောင်အသွေး၊ အဆင်းအနံ့
စုံအောင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဥယျာဉ်မှူးကောင်းမိဘနှစ်ပါးကို
ကျွန်တော်တို့တွေ မမေ့သင့်ပါဘူး။
တကယ်လို့ ဥယျာဉ်မှူးနှစ် ယောက်ကသာ
ကျွန်တော်တို့ကို မစောင့်ရှောက်ခဲ့ကြဘူးဆိုရင် ကျွန်တော်တို့ဟာ
ပန်းမြိုင်လယ် မှာ ပွင့်လန်းစရာမရှိတော့ပါဘူး။ ပိုင်ရှင်မဲ့ပန်းတွေ၊
အင်အားချည့်နဲ့တဲ့ပန်းတွေအဖြစ်နဲ့ပဲ သေဆုံးချင် သေဆုံးမယ်၊ အထီးကျန်ချင်အ
ထီးကျန်မယ်ဆိုတဲ့ ၀မ်းနည်းစရာ နေ့ရက်တွေ၊ ၀မ်းနည်းစရာအဖြစ် အပျက်တွေပဲ
လက်ဝယ်ပိုက်စရာ ရှိနိုင်ပါတယ်။ အဆိုးဆုံးအခြေအ နေတွေနဲ့ လွဲခဲ့တဲ့
ကျွန်တော်တို့ ဟာ ဥယျာဉ်မှူးကောင်းဖြစ်တဲ့ မိ ဘနှစ်ပါးကို အားကျအတုယူပြီး
နောက်မျိုးဆက်တွေအတွက် ဥ ယျာဉ်မှူးကောင်းပီသအောင်၊ မိဘကောင်းပီသအောင်
ကျင့်ကြံပြုမူသင့်ပါတယ်။
ရှေးရေစက်ကြောင့်ပဲဆိုဆို၊
ဖူးစာပါလို့ပဲဖြစ်ဖြစ်အကြောင်း ကြောင်းကြောင့် ချစ်ခင်စုံမက်
လက်ထပ်ပေါင်းသင်းခဲ့ပြီး မွေးဖွား လာတဲ့ သား၊သမီးငယ်တွေကို လှ ပတဲ့
ပန်းကလေးတွေဖြစ်အောင် ကျွန်တော်တို့က ပြုစုပျိုးထောင် ပေးကြရမှာပါ။
သားသမီးဆိုတဲ့ ပန်းကလေးတွေကို အတတ်နိုင် ဆုံးမညှိုးနွမ်းအောင် ဂရုစိုက်ကြရ
မှာပါ။ ကျွန်တော်တို့ ပန်းဖြစ်ခဲ့ တုန်းက ကျွန်တော်တို့ဟာ နုနယ် ခဲ့ကြတယ်။
အချော့အမြှူကို ကြိုက်ခဲ့ကြတယ်။ စိတ်ချမ်းသာပျော်ရွှင်မှုကို
နှစ်သက်ခဲ့ကြတယ်။ လက်ရှိမှာ ဥယျာဉ်မှူးနေရာပြန် ရောက်နေတဲ့အခါမှာတော့ အ
တိတ်က အရိပ်တွေကို ဥပေက္ခာ ပြုပြီးမေ့ထားလို့မဖြစ်တော့ပါဘူး။
ဟိုတစ်လောက သတင်း တစ်ပုဒ်ဖတ်ခဲ့ရတယ်။ မိဘနှစ်ပါး ရဲ့
အိမ်ထောင်ရေးအဆင်မပြေမှု ကြောင့် နုနုနယ်နယ်အရွယ်သာရှိ သေးတဲ့ သမီးဖြစ်သူက
အဆိပ်သောက်ပြီးသေသွားသတဲ့။ ဒီလိုထိတ်လန့် ဖွယ်သတင်းမျိုး လူသိရှင်ကြားရော၊
လူမသိ၊ သူမသိရော ခဏခဏကြားရ၊ ခဏခဏဖတ်ခဲ့ရတော့ အကြွေစောတဲ့ပန်း
ကလေးများအတွက် များစွာဝမ်းနည်းမိပါတယ်။ ဘ၀ပူပူ၊ နေပူပူကြားမှာ ကလေးတွေရဲ့ အရေးဟာ ရင်မအေးစရာတစ်ခုပါပဲ။
ပြုပြီးရင် ပြင်ဖို့မလွယ်တဲ့အ ရာတွေထဲမှာ အိမ်ထောင်ပြုခြင်း ဟာ
တစ်ခုအပါအ၀င်ပါပဲ။ မိဘ ဆိုတဲ့နေရာရောက်ခဲ့ကြပြီဆိုမှ တော့
နောက်မျိုးဆက်အတွက်အ တတ်နိုင်ဆုံးတာဝန်ကျေရတော့ မှာပါ။
မိသားစုတစ်ခုလုံးဟာဘ၀ ရဲ့ အဆင်မပြေမှု၊ ခက်ခဲမှုတွေကို သည်းခံနိုင်ကြပါတယ်။
အတူတ ကွ ရင်ဆိုင်ဖြတ်သန်းနိုင်ကြပါ တယ်။ သားသမီးတွေအနားမှာ
အဖေနဲ့အမေပျော်ပျော်ရွှင်ရွှင်ရှိ နေကြရင် ဆင်းရဲသည်ဖြစ်ဖြစ်၊
ချမ်းသာသည်ဖြစ်ဖြစ် သားသမီး တွေရဲ့ စိတ်ဟာ အမြဲပျော်ရွှင်နေ တတ်ပါတယ်။
မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေမှု၊ အိမ်ထောင်ရေးပြို ကွဲမှုတွေကြောင့်
သားသမီးငယ် တွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်
မှုတွေရှိနိုင်တယ်ဆိုတဲ့အကြောင်း စိတ်ပညာကျမ်းတွေမှာဆိုထားပါ တယ်။
ကလေးတွေတင်မကပါ ဘူး။ မိဘတွေရဲ့အိမ်ထောင်ရေး ရိုက်ခတ်မှု၊အဆင်မပြေမှုတွေ ဟာ
နားလည်သိတတ်နေတဲ့သား သမီးတွေရဲ့ စိတ်နှလုံးသားထဲမှာ တောင်
အမာရွတ်ကလေးတွေရှိနေတတ်တာအမှန်ပါပဲ။ ဘ၀အမောတွေထဲမှာ သားသမီးတွေအတွက်
မိဘနှစ်ပါးရဲ့ ပြေလည်မှုမရှိတဲ့ အိမ်ထောင်ရေးအခြေအနေဟာ
အဆိုးရွားဆုံးအမောတစ်ခုဖြစ်နေခဲ့ပါတယ်။
နုနယ်တဲ့ သားသမီးတွေအ တွက်၊
ဘ၀အတွက်ကြီးကြီးမား မားမတွေးနိုင်သေးတဲ့ သားသမီး ငယ်တွေအတွက် မကြံစည်သင့်
တာတွေကြံစည်မိ၊ မလုပ်သင့် တာတွေလုပ်မိတဲ့အထိ ဖြစ်ခဲ့ကြ ရတာဟာ
ပန်းကလေးတွေကို အ နုနည်းနဲ့ ခြွေခြွေချနေသလိုပါပဲ။ မိဘမဲ့ကလေးတိုင်းဟာ
မိဘနှစ် ပါးသေဆုံးသွားလို့ချည်းမိဘမဲ့နေ ကြတာမဟုတ်ပါဘူး။
မိဘနှစ်ပါးရှိလျက်နဲ့ မဲ့နေခဲ့ကြတဲ့ကလေးတွေ လည်းရှိတာပါပဲ။ အဲဒီကလေးတွေမှာ
အပြစ်တစ်စုံတစ်ရာမရှိခဲ့ ပါဘူး။ စွန့်ပစ်သွားသူတွေ၊ မိဘ မပီသသူတွေမှာသာ
အပြစ်တွေရှိ ခဲ့တာပါ။ သူတို့ဟာ ပန်းတွေကို ခြွေချခဲ့ကြပေမယ့် ထိန်းသိမ်း
စောင့်ရှောက်ထားတဲ့ ဂေဟာတွေ၊ ကျောင်းတွေ၊ စေတနာရှင် တွေကြောင့်
ကလေးတွေရဲ့ဘ၀ ဟာ တစ်စစီမကြွေလွင့်ခဲ့ရတာပါ။
အမေဆိုတာ
တစ်ခါတုန်းကသမီးဖြစ်ခဲ့တယ်။ အဖေဆိုတာ တစ်ခါတုန်းက
သားဖြစ်ခဲ့ဖူးတယ်။အဲဒီတော့မိဘဖြစ်တဲ့ ကျွန်တော်တို့တွေ၊ မိဘနေရာကို
ရောက်လာကြမယ့် ကျွန်တော်တို့ သားသမီးတွေကိုလည်း မြင်အောင်ကြည့်သင့်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း မြင်အောင်ကြည့်သင့်ပါတယ်။ ကျွန်တော်တို့ဟာ
ပန်းကလေးတွေကို ဘယ်လို အကြောင်းတရားတွေနဲ့မှ
ခြွေချတဲ့လုပ်ရပ်မျိုးမပြုမူသင့်ပါဘူး။ အကြောင်းတစ်ခုခုရှိလာပြီဆိုရင်
သားသမီးတွေရဲ့ မျက်နှာလေးတွေကို မြင်အောင်ကြည့်ပေးဖို့လိုပါတယ်။
မိဘနှစ်ပါးအဆင်မပြေဖြစ် နေတာ၊ ပဋိပက္ခဖြစ်နေတာကို ကြည့်ပြီး ပျော်တတ်တဲ့
သားသမီး ဆိုတာမရှိပါဘူး။ သားသမီးဆို တာ မိဘမျက်နှာအရိပ်အကဲကို ကြည့်ပြီး
ပျော်လွယ်၊ ၀မ်းနည်း လွယ်၊ ခံစားလွယ်ဖြစ်တတ်ကြတဲ့
နုနယ်တဲ့နှလုံးသားရှိကြသူတွေ ပါ။ လေးစားစရာကောင်းတဲ့ တ ချို့သော မိဘတွေဟာ
ပြောစရာ စကားတွေရင်ထဲမှာအများအပြား ရှိနေခဲ့တာတောင် သားသမီးရှေ့ မှာ
တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ကြပါဘူး။ ပြောဆိုကြိမ်း မောင်းမှုမပြုကြပါဘူး။
ကလေး တွေရင်ထဲ၊ နှလုံးသားထဲမှာ ထိတ် လန့်မှု၊ စိတ်ဒဏ်ရာရမှုတွေဖြစ်
သွားမှာစိုးလို့ပါ။ ဖြစ်ခဲ့ကြပြီဆိုရင် လည်း ပတ်ဝန်းကျင်က ‘‘ကလေး
တွေမျက်နှာကြည့်ကြပါလို့’’တား မြစ်လေ့ရှိပါတယ်။
အရွယ်မရောက်သေးတဲ့ က
လေးတစ်ယောက်ရဲ့ ဘ၀မှာအား ငယ်မှု၊ စိုးရွံ့သိမ်ငယ်မှုဆိုတာအ
ချိန်မရွေးဖြစ်နိုင်ပါတယ်။ အဲဒီစိုး ရွံ့သိမ်ငယ်မှု၊ အားငယ်မှုတွေကို
ဖျောက်ဖျက်အပေးနိုင်ဆုံးသူတွေ ဆိုတာကလည်း ကလေးများရဲ့ မိ ဘများပါပဲ။
ဇနီးမောင်နှံအချင်း ချင်း၊ လင်မယားအချင်းချင်းဆို တဲ့ နှစ်ကိုယ်ကြားမှာ
‘‘လင်နဲ့ မ ယား လျှာနဲ့သွား’’ဆိုသလိုပါပဲ။ အဖုအထစ်လေးတွေ၊ သဘော
ထားကွဲလွဲမှုလေးတွေအနည်းနဲ့ အများပုထုဇဉ်ပီပီရှိတတ်ကြတာ ပါပဲ။
လူလွတ်တွေဆိုရင် ပြဿ နာနည်းနိုင်ပေမယ့် သားသမီးဆို တဲ့ အမျှင်အတန်းသံယောဇဉ်
လေးတွေရှိလာကြပြီ၊ ရှိခဲ့ပြီဆိုရင် တော့ ဖြိုခွဲမယ့်အစိုင်အခဲတွေအ တွက်
သားသမီးများရဲ့မျက်နှာ လေးတွေကို ကြည့်ပေးပါ။
သူတို့ဟာ လောကထဲကို စ
တင်လှမ်းနေရုံပဲရှိသေးတာပါ။ လောကဓံအဆိုးတွေအတွက် ခံ
နိုင်ရည်မရှိသေးသူတွေပါ။ လူ ကြီးတွေလိုအမှားအမှန်ဝေဖန်သုံး
သပ်ဆင်ခြင်နိုင်မှုအပြည့်အ၀မရှိ ကြသေးသူတွေပါ။ သူတို့ဟာ
ပျော်ရွှင်ဖွယ်ကောင်းတဲ့ အနာ ဂတ်ကို လိုလားနေကြသူတွေပါ။ မိဘတွေကြောင့်၊
အဆင်မပြေဖြစ် နေတဲ့ အိမ်ထောင်ရေးပဋိပက္ခ တွေကြောင့် ပန်းနဲ့တူတဲ့သားသမီး
တွေကို စိတ်ဒဏ်ရာကိုယ်စီနဲ့ အ ကြွေမစောစေချင်ပါဘူး။ သူတို့
အနာဂတ်တွေမပျက်စီးစေချင်ပါ ဘူး။ သားသမီးတွေရဲ့ အပြစ်ကင်း
တဲ့မျက်နှာလေးတွေကို မိဘတွေ ကြည့်ပေးကြပါလို့ တောင်းဆိုပါ ရစေ။
ညီစစ်ငြိမ်း
